ဧဒင်အချစ်ပုံပြင်: ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ၄ ရပ်ကွက် ရပ်ကပ် တွင် ယနေ့ 

Sunday 23 December 2012

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ၄ ရပ်ကွက် ရပ်ကပ် တွင် ယနေ့ 

(ဒီဇင်ဘာလ ၂၃) နံနက်က ပြုလုပ်သော ရပ်ကွက် အုပ်ချုပ်ရေးမူး ရွေးချယ်ပွဲတွင် ခိုက်ရန် ဖြစ်ပွါးသဖြင့် ရွေးချယ်ပွဲပျက် သွားခဲ့ကြောင်း သတင်းရရှိသည်။

“ လက်ရှိ အုပ်ချုပ်ရေးမူးနဲ့ လူရမ်းကား တစ်စုလာပြီးတော့ လူရမ်းကားဆန်ဆန် လုပ်သွားတာ ရွေးချယ်ပွဲ လုပ်နေတဲ့ ကွက်သစ် (အမက) ကျောင်းထဲကို ၀င်လာပြီး ရပ်မိရပ်ဖ ၅ ဦးကို လက်သီးနဲ့ ထိုးတာ တစ်ဦး
အထိုးခံ လိုက်ရတယ် ” ဟု ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်မြင်ခဲ့သူ ဒေသခံကိုအေးလွင်က ပြောသည်။

အထိုးခံရသော ရပ်မိရပ်ဖ ဦးမြင့်သန်းက ရဲစခန်းသို့ သွားရောက် အမှုဖွင့်ထားပြီး သက်ဆိုင်ရာက တ ရား ဥပဒေ အတိုင်း မဆောင်ရွက်ပါက ဒေသခံများ ဆန္ဒပြကန့် ကွက်သွားသည် အထိ ဆောင်ရွက်သွားမည် ဟု ဒေသခံတချို့ ကပြောသည်။

7Day News Journal



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...