၂၂-၁၂-၂၀၁၂ ရက်နေ့ ၀၅၅၀ အချိန် နေပြည်တော်
ပျဉ်းမနားရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တူမီးသေနတ်ဒဏ်ရာဖြင့် လူနာ(၁)ဦး
ပျဉ်းမနားမြို့ ကုတင်(၂၀၀)ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ
သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ပျဉ်းမနားမြို့နယ်၊ မြသာရွာနေ
အောင်ဌေးလွင်(၂၆)နှစ် အား ယာဘက်လည်ပင်းပေါက် ဒဏ်ရာ(၁)ချက်ရရှိထားသည်ကို
တွေ့ရှိရသည်။ အဆိုပါဒဏ်ရာမှာ ၂၁-၁၂-၂၀၁၂ ရက်နေ့ ၁၆၃၀ အချိန်
တောင်ယာတဲသို့သွားစဉ် တစ်ရွာတည်းနေ ကျော်ရွှေ (၃၅)နှစ်က
ဂျီ
ချောင်းမြောင်းပစ်ခတ်ရာမှ ၎င်းအား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်
ပျဉ်းမနား ရဲစခန်း (ပ)၇၄၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၇ဖြင့် အမှုဖွင့်၍
တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
by-ရဲဇာနည်
No comments:
Post a Comment