ဧဒင်အချစ်ပုံပြင်: နယူးဒေလီမြို့တွင် အုပ်စုဖွဲ့မုဒိမ်းမှုကို ရုံးတင်စစ်ဆေးစဉ် စင်ကာပူဆရာဝန်က မျက်မြင်သက်သေ အဖြစ်ထွက်ဆို

Tuesday, 8 January 2013

နယူးဒေလီမြို့တွင် အုပ်စုဖွဲ့မုဒိမ်းမှုကို ရုံးတင်စစ်ဆေးစဉ် စင်ကာပူဆရာဝန်က မျက်မြင်သက်သေ အဖြစ်ထွက်ဆို

ဘတ်စ်ကားတစ်စီးပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်
ခံခဲ့ရသည့် အသက် ၂၃ နှစ်ရှိ အိန္ဒိယ မိန်း
ကလေး၏ အလောင်း အား ရင်ခွဲစစ်ဆေး
ခဲ့သည့် စင်ကာပူ ဆရာဝန်မှာ နယူးဒေလီမြို့ တရားရုံးတစ်ရုံးတွင် ပြစ်မှုကျူးလွန်သူ

 တရားခံ ၆ ဦးနှင့်ပတ်သက်၍ ဇန်န ဝါရီလ ၃ ရက်နေ့က စာမျက်နှာ ၅၀ ပါ စွဲချက်လျှောက်လွှာ တစ်စောင် တင်ပြခဲ့စဉ် မျက်မြင်သက်သေတစ်ဦး အဖြစ်ပါဝင်ခဲ့ကြောင်း Press Trust of India သတင်းစာက ထုတ်ပြန် ကြေညာခဲ့သည်။

ယခု အမှုတွင် သေဆုံးသူ မိန်းကလေး၏ ချစ်သူမှာ အဓိက မျက်မြင် သက်သေအဖြစ် ပါဝင်လျက်ရှိပြီး အဆိုပါ စင်ကာပူ ဆရာဝန် (နာမည်မဖော်ပြ)နှင့် စင်ကာပူ အိန္ဒိယသံရုံးမှ အရာရှိတို့သည် မိန်းကလေး သေဆုံး ရခြင်း အတွက် စစ်ဆေး မေးမြန်းခံခဲ့ရသည်။

အိန္ဒိယတရား ဥပဒေအရ ရင်ခွဲစစ်ဆေးမှုတစ်ခု ပြု လုပ်ခဲ့သည့် ဆရာဝန်ကို ဆေးဘက် ဥပဒေအမှုတွင် မျက်မြင်သက်သေ အဖြစ် မှတ်ယူလေ့ရှိသည်။ မုဒိမ်းကျင့် ခံခဲ့ရသည့် မိန်းကလေးသည် အတွင်း ဒဏ်ရာများပြင်းထန်မှုကြောင့် စင်ကာ ပူနိုင်ငံ Mount Etizabeth ဆေးရုံတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က သေဆုံး သွားခဲ့သည်။

 တရားခံ ၆ ဦးကို ရုံးတင်စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အိန္ဒိယတွင် မရှိသလောက် ရှားပါးသည့် သေဒဏ်ချမှတ် ခံရဖွယ်ရှိနေသည်။

မုဒိမ်းမှုအတွက် ဆန္ဒပြခဲ့သူ များကလည်း ထောင်ဒဏ်တစ်သက် တစ်ကျွန်းအစား သေဒဏ်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြ သည်။

First News Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...