ဧဒင်အချစ်ပုံပြင်: ကင်မရာအတွင်းမှ memory card သိမ်းဆည်းခြင်း နှင့် စပ်လျဉ်းသည့် ရှင်းလင်းချက်

Tuesday, 8 January 2013

ကင်မရာအတွင်းမှ memory card သိမ်းဆည်းခြင်း နှင့် စပ်လျဉ်းသည့် ရှင်းလင်းချက်

ဖြစ်စဉ်အကျဉ်း၁။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃ ရက် နံနက် ၀၉း၀၀နာရီမှ ၁၀း၀၀ နာရီ ခန့်က မန္တလေး ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း ၈၆ လမ်းနှင့် ၈၇ လမ်းကြားတွင်လမ်းပိတ်ဆို့ရောင်းချ နေသော ဒေါ်စန္ဒာ နှင့် ဦးဝင်းဇော် သစ်သီးသည်(၂)ဦးအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်းများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှရှင်း လင်းပြီး တရားရုံးတင် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ေ နစဉ် အမျိုးသမီးငယ် တစ်ဦးက နောက်ကြောဘက်မှ နေ၍ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူ
မှတ်တမ်းတင်နေကြာင်း တွေ့ရှိခဲ့ရပါသည်။
၂။ တာဝန်ရှိသူများမှ ထိုကဲ့သို့ မမြင်ကွယ်ရာမှ ဓာတ်ပုံမရိုက်ရန်၊ တာဝန်ရှိသူများထံ လာရောက်တွေ့ ဆုံမေးမြန်းပြီး ပွင့်ပွင့်လင်းလင်း မေးမြန်း၍ မှန်ကန်သည့်သတင်းကို ဖော်ပြပေးရန်တို့ကို အဆိုပါ အမျိုး သမီး ငယ်အား ရှင်းလင်းပြောကြားရာ၊ အမျိုးသမီးငယ်မှ facebook တွင် သတင်းအဖြစ်တင်ရန် ရိုက်ကူးခြင်းဖြစ်ကြောင်းပြောသဖြင့် memory card အား ထုတ်ယူသိမ်းဆည်းလိုပြီး ရုံးတွင် လာရောက် ထုတ်ယူရန် မှာကြားရာ အမျိုးသမီးငယ်က သဘောတူလက်ခံ၍ memory card အား ထုတ်ပေးခဲ့ပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတင်းများနှင့် ပါတ်သက်သည့်ဆောင်ရွက်နေမှုများ
၃။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် သတင်း ထုတ်ပြန်ရေးကိစ္စရပ်များကို အောက်ပါအတိုင်း ကျင့်သုံးဆောင်ရွက်လျက် ရှိပါသည်-
- ဖြစ်စဉ်များကို အတိအကျရှင်းလင်းပြတ်သားစွာ သိရှိရန် မည်သည့်ကိစ္စကို မဆို ပွင့်ပွင့်လင်းလင်းမေးမြန်း သတင်းရယူနိုင်ကြပါသည်။
- ဓာတ်ပုံလည်းရိုက်ကူးမှတ်တမ်းတင်နိုင်ပါသည်။အကောင်း/အဆိုး ဝေဖန်မှုများကို နားလည် သဘောေ ပါက်လက်သင့်ခံပြီး ပွင့်လင်းမြင် သာဖြစ်စေရေး ဆောင်ရွက်လျက်ရှိနေကြပါသည်။
- အကြောင်းအကိစ္စ တစ်စုံတစ်ရာ ကြီးငယ်ဖြစ်ပွားလာခြင်းအပေါ် တစ်ဘက်သတ်အမြင်ဖြင့် မှတ်တမ်း တင်ခြင်း၊ သတင်းအဖြစ်ထုတ်ပြန်ခြင်း၊ မှတ်ချက်ပြု သုံးသပ်ဆွေးနွေးနေမှုများကိုမူ အမှန်တရားနှင့်ေ ၀းကွာေ စမည့် ကိစ္စရပ်များဖြစ်သဖြင့် လက်သင့်ခံမည်မဟုတ်ပါ၊
၎။ ကာယကံရှင်အမျိုးသမီးငယ်အနေဖြင့် ယနေ့မှ စပြီး မန္တလေးမြိှု့တော် စည်ပင်သာယာရေးကော်မတီ အခွန် ဌာန၊ အခွန်ဌာနခွဲနှင့် ချိတ်ဆက်ကာ အဆိုပါ memory card အား ပြန်လည်ထုတ်ယူနိုင်ပြီ ဖြစ်ပါေ ကြာင်း အသိပေးရှင်းလင်းအပ်ပါသည်။
Mandalay City Development Committee

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...