ဧဒင်အချစ်ပုံပြင်: တိုက်မိပြီး ထွက်ပြေးသွားသည့်ယာဉ်အား စုံစမ်းလျက်ရှိ

Friday, 11 January 2013

တိုက်မိပြီး ထွက်ပြေးသွားသည့်ယာဉ်အား စုံစမ်းလျက်ရှိ

၁၀-၁-၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် နေပြည်တော် လယ်ဝေးမြို့နယ်၊ ရသေ့တောင်ရွာ၊ ရန်ကုန်-မန္တလေးမြို့ရှောင်လမ်း၊ လေပြေဦးဆိုင်ကယ်ပြင်ဆိုင်အနီး၌ လယ်ဝေးမြို့နယ်၊ ဟင်္သာကျေးရွာ၊ ““စမ””တောင်ပေါ်စခန်းထောင့်ကျောင်းနေ ဦးဥာဏ၀ရ၊ သက်တော်(၇၄)နှစ်၊ ၀ါတော်(၂၄)၀ါသည် ယာမျက်လုံးညိုမဲ၊ မျက်ခုံးပေါက်ပြဲ၊ ပါးဖူးရောင်၊ နှာခေါင်းသွေးထွက်၊ နှုတ်ခမ်းပေါက်ပြဲ၊ရင်ဘတ်ဝဲဘက်ခြမ်း ညိမဲ၊ ၀ဲ/ယာ ဒူးပွန်းပဲ့ဒဏ်ရာများဖြင့် လဲကျနေကြောင်းသတင်းအရ လယ်ဝေးမြို့နယ်ယာဉ်မှုစစ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးခဲ့ပြီး နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံ သို့ တင်ပို့ကုသပေးခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ ဦးဥာဏ၀ရသည် စက်တပ်ယာဉ်တစ်စီးစီးနှင့် ထိခိုက်မိသောကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရ၍ သာဝတ်္ထိရဲစခန်း(ပ)၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ပြီး ၎င်းယာဉ်အား စုံစမ်းဖေါ်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
from-ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...