ဧဒင်အချစ်ပုံပြင်: လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ

Friday 11 January 2013

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ


၁၀-၁-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဝေါရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် မသင်္ကာဖွယ်ယာဉ်အမှတ် ၉ဂ/xxxx မတ်တူးအဖြူရောင်ယာဉ်တစ်စီး မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာကြောင်း သတင်းအရ လိုက်လံရှာဖွေဖမ်းဆီးခဲ့သည်။ ထိုသို့ရှာဖွေရာ ဝေါမြို့အထွက် ကွင်းချောင်းသုဿာန်ရှေ့တွင် မသင်္ကာဖွယ်ယာဉ်အားတွေ့ရှိပြီး ယာဉ်ပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေ မျိုးသွင်(၃၃)နှစ်ပါ (၂)ဦးအား တွေ့ရှိရသည်။

စစ်ဆေးချက်အရ ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ၉-၁-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် မြ၀တီမှ ဝေါသို့ အောင်စည်သူ တစ်ဦးတည်း မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ မျိုးသွင်မှာ ဝေါမြို့အ၀င်ရှိ ရတနာဦး စားသောက်ဆိုင်မှ ကြိုတင် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း၊ ၁၀-၁-၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် ရတနာဦး စားသောက်ဆိုင်သို့ အရောက်၌ မျိုးသွင်မှ တစ်လှည့်မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မျိုးသွင်နှင့် စည်သူအောင်တို့(၂)ဦးအား ဝေါရဲစခန်း(ပ)၁၉/၂၀၁၃၊ ပို့ကုန်သွင်းကုန် အက်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ထို့ပြင် ၉-၁-၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ သထုံရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်အရှေ့ပိုင်း၊ ဦးကဲ လ္ဘက်ရည်ဆိုင်ရှေ့၊ သထုံ-ဘားအံ ကားလမ်းမပေါ်တွင် ယာဉ်များအား ရပ်တန့်စစ်ဆေးခဲ့ရာ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်(၄) ရပ်ကွက်နေ ရွှေတင် (ခ)၀တုတ်(၃၇)နှစ် မောင်းနှင်လာသည့် ၉ဂ/xxxx Fumcargo Van အမျိုးအစား ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

သို့ဖြစ်၍ ရွှေတင်(ခ)၀တုတ်အား သထုံရဲစခန်း(ပ)၆/၂၀၁၃၊ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
ဆက်လက်၍ သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သထုံမြို့နယ်၊ မင်းတဲစုရပ်၊ ရန်ကုန်-မန်္တလေးကားလမ်း၌ ယာဉ်များအား ရပ်တန့်စစ်ဆေးနေစဉ် ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဇင်အောင်(ခ)စံပွင့်(၄၅)နှစ် မောင်းနှင်လာသည့် ၂ခ/xxxx Honda CRV ယာဉ်အား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဇင်အောင်(ခ) စံပွင့်အား သိမ်ဆိပ်ရဲစခန်း(ပ)၈/၂၀၁၃၊ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...