ဧဒင်အချစ်ပုံပြင်: လမ်းဘေး ကျောက်ပုံကို ဆိုင်ကယ်နှင့် တိုက်မိရာမှ ပွဲချင်းပြီး သေဆုံး

Thursday 17 January 2013

လမ်းဘေး ကျောက်ပုံကို ဆိုင်ကယ်နှင့် တိုက်မိရာမှ ပွဲချင်းပြီး သေဆုံး

ဟင်္သာတ ခရိုင်၊ လေးမျက်နှာ မြို့နယ် အိုင်သပြု လမ်းပေါ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်က လမ်းဘေးရှိ ကျောက်ပုံကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိ၍ စီးနင်းသူ အမျိုးသား ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

သေဆုံးသူမှာ လေးမျက်နှာ မြို့နယ် သဲနုကုန်း အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှိုင်ကြူ ဖြစ်ပြီး ယင်းလမ်းပေါ်ရှိ အသစ် တည်ဆောက် နေသော ကညင်ရိုး တံတား အနီးတွင် ကျောက်ပုံကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း အိုင်သပြု ရဲတပ်ဖွဲ့ စခန်းမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဖြစ်ရပ်ကို အိုင်သပြု ရဲတပ်ဖွဲ့စခန်းက ပ- ၅/ ၂၀၁၃၊ ပုဒ်မ ၃၀၃ (က) ဖြင့် အမှုဖွင့် ထားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...