 တင်ပါး အလွန်ကြီးကြီးနှင့် ကိုယ်အလေးချိန် (၄၂၀)ပေါင်ထိ ရှိနေသော်
တင်ပါး အလွန်ကြီးကြီးနှင့် ကိုယ်အလေးချိန် (၄၂၀)ပေါင်ထိ ရှိနေသော်လည်း သူမအနေဖြင့် ဝိတ်လျှော့ရန် စိတ်ကူးမရှိသေးကြောင်း မစ်ကယ်လ် ရူဖီနယ်လီက ပြောကြားလိုက်သည်။
ကလေး(၄)ဦး၏ မိခင်ဖြစ်သော အသက်(၃၉)နှစ်အရွယ် မစ်ကယ်လ်သည် အရပ် (၅)ပေနှင့် (၄)လက်မသာ ရှိသော်လည်း ခန္ဓာကိုယ် အဆမတန် ဝဖြိုးလျှက်ရှိနေသည်။ အထူးသဖြင့် သူမ၏ တင်ပါးမှာ အလွန်ကြီးမား ဆူဖြိုးလျှက်ရှိနေသည်။
အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်တွင် နေထိုင်သော အမျိုးသမီး၏ ခန္ဓာကိုယ်လုံးပတ်သည် သူမ၏ အရပ်ထက်ပင် ပိုမိုပမာဏများပြားနေ
သည်။ သူမ၏ အဝလွန်မှုအတွက် စိုးရိမ်သူများက သတိပေးခဲ့သော်လည်း သူမကိုယ်တိုင်ကမူ လက်ရှိ အနေအထားကို ပျော်ရွှင်နေကြောင်း မစ်ကယ်လ်က ကျေကျေနပ်နပ် ပြောဆိုခဲ့သည်။
Planet Myanmar Network
 
 
 

No comments:
Post a Comment