တတိယ အယ်လ်ဘမ် ကိုတော့ (၆) လပိုင်းကျရင် ဗီစီဒီ ကိုရော၊ စီဒီ
 ကိုရော တစ်ခါတည်းထွက်ဖို့လုပ်ထားတယ်။ ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။ စီးရီး
 ခေါင်းစဉ်က Don’t Give Up လက် မလျှော့နဲ့ဆိုပြီးပေးထားတယ်။ 
အင်္ဂလိပ်သီချင်းနှစ်ပုဒ်ပါမယ်။ ချမ်းချမ်းရေးထားတဲ့ ကိုယ်ပိုင်သံစဉ်သီ 
ချင်း(၄) ပုဒ်ပါမယ်။ ကျန်တာကတော့ ဆရာမြင့်မိုးအောင်တို့လို 
တေးရေးဆရာတွေအများကြီးပါပါတယ်။ Jazz ဂီတအမျိုး အစားကမြန်မာနိုင်ငံမှာ 
ဆိုတာနည်းကြားနေကျ Classic ဂီတနွယ်ပြီး Jazz ဂီတ အေးအေး ငြိမ့်ငြိမ့်လေး 
ပုံစံမျိုးတွေပေါ့။ အဲဒီလို ဂီတပုံစံမျိုး အင်္ဂလိပ်လိုသီချင်း 
နှစ်ပုဒ်ပါတယ်။ ချမ်းချမ်းကိုယ်တိုင် ရေးထားတာပါ။ ကျန်တဲ့ ဂီတအမျိုး 
အစားတွေကတော့ R & B နဲ့ Pop ဂီတအမျိုးအစားတွေပါပဲ။ Don’t Give Up 
ဗီစီဒီကို ရန်ကုန်မှာမရိုက်ထားဘူး။  ကလေး၊ 
တောင်ကြီးစတဲ့မြို့တွေမှာရိုက်တယ်။ အဓိကကတော့ ကိုဘုဏ်းသိုက်က 
ကူညီပြီးရိုက်ပေးထားတာ ပါ။ Don’t Give Up က ချမ်းချမ်း ကိုယ်တိုင်စီစဉ်ပြီး
 ထုတ်တဲ့အတွက် ပိုက်ဆံရော လူရော စိတ်ရော ပင်ပန်းပါတယ်။ အစအဆုံးကိုယ်တိုင် 
လုပ်ရတာဆိုတော့ အရမ်းပင်ပန်းတယ်။ (၂)လပိုင်း ချစ်သူများနေ့မှာ 
မလေးရှားကကမ်းခြေကိုသွားတဲ့အခါ စီးရီးအတွက်ရိုက်ခဲ့မှာပါ။ Don’t Give Up 
မှာ ရသအစုံပေးချင်တာ။ မင်းသား မင်းသမီးတွေအများကြီးပါရဲ့သားနဲ့ 
ရန်ကုန်မြို့ကအိမ် တွေမှာပဲပတ်ရိုက်နေရတာ ပရိသတ်ကိုစော်ကားတာပဲလေ။ 
ဒါကြောင့် တတိယ အယ်လ်ဘမ်မှာ ပရိသတ် အတွက် ဗီစီဒီကို အပြင် Outdoor တွေပဲ 
ချမ်းချမ်းရိုက်ထားပါတယ်။ အဲဒါကြောင့် ငွေကြေးတော် တော်ကုန်တာပါ။ 
ပွဲတွေဆိုလိုက်၊ ဗီစီဒီ ပြန်ရိုက်လိုက်နဲ့ လုပ်ခဲ့ရတာ။ 
ခိုးကူးဒဏ်ကြောင့်တော်တော်များ များခြွေတာကြပေမယ့် ပရိသတ် အတွက် 
ချမ်းချမ်းကပေးဆပ်ချင် တယ်။ အနုပညာကို စီးပွားရေးဆန်ပြီး Producer ပဲဆိုတဲ့
 ပုံစံက ချမ်းချမ်းနဲ့ မကိုက်ဘူး။ အရင်းရှင် ဆန်ဆန်လုပ် တာလုံးဝမကြိုက်ဘူး။
 နယ်ဆင်းပြီး Promotion လုပ်ဖို့အခွေတောင်းတာ မပေးနိုင်ဘူး။ အဲဒီအတွက် 
မျက်နှာပျက်ခဲ့ရတာတွေအများကြီး ပဲ။ ပထမ Album မှာ Family Type 
ဖြစ်ခဲ့ပေမယ့် ဒုတိယ ခွေမှာ စီးပွားရေးဆန်တော့ လုံးဝ အဆင်မပြေဘူး။ 
လက်တွဲလို့မရ ဘူးဆိုပြီး တတိယအယ်လ်ဘမ်ကို ကိုယ့်ဘာသာကိုယ်ပဲစီစဉ်တာပါ။ 
ဒုတိယ အယ်လ်ဘမ် ကလည်း သူတို့က ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့အတွက် ကြောင့် 
ဒီအကြောင်းကို နားမ လည်ကြတာပါ။ ချမ်းချမ်းအတွက် လည်း ပိုက်ဆံတစ်ပြားမှ 
မရတဲ့ အပြင်၊ စေတနာသာ အဖတ်တင် သွားခဲ့တာပါပဲ။ အခုလတ်တလော ချမ်းချမ်းရဲ့ 
နှလုံးသားရေးရာကတော့ ရာသီဥတုလို ပူလိုက်၊ အေးလိုက်ဖြစ်နေပါတယ်။
ကလေး၊ 

TY
 
8 DAYS A WEEK ENTERTAINMENT

နှလုံးသားရေးရာကတော့ ရာသီဥတုလို ပူလိုက်၊ အေးလိုက်ဖြစ်နေပါတယ်။TY
8 DAYS A WEEK ENTERTAINMENT
 
No comments:
Post a Comment