လမ်းရှိဂိုဒေါင်အခန်း တွင် မောင်မောင်စိုးဝင်ရောက်ရှိ နေစဉ် ရှာဖွေခွင့်ဝရမ်းအမှတ် (၄/၂၀၁၃) အားပြ၍ ၀င်ရောက် ရှာဖွေရာ အဆိုပါအခန်းတွင် စက်္ကူဂျပ်ဖာများဖြင့် ထည့်သွင်း ထားပြီး မှိုင်းခံ စက်္ကူဖြင့် ပတ်၍ ပလတ်စတစ် အကြည်ဖြင့် ထုပ်ပိုးထားသော WY စာတမ်းပါနီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြားပေါင်း (၄၉၇၈၀၀) ပြား၊ အလေးချိန် (၄၉၇.၈) Kg ကာလတန်ဖိုးအားဖြင့် သိန်းပေါင်း (၂) သောင်းကျော်အား ရှာဖွေ တွေ့ရှိသဖြင့် ရှာဖွေပုံစံပေါ်တွင် မောင်မောင်စိုးက ပေးအပ် ၍သက်သေများကလက်မှတ်ရေး ထိုးသိမ်းဆည်းခဲ့ပါသည်။ မောင် မောင်စိုးအား မင်္ဂလာတောင် ညွန့်မြို့နယ်ရဲစခန်း၌ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
.hotnewsweekly.-စာကလေး(တောင်ညွန့်သား)
No comments:
Post a Comment