ဧဒင်အချစ်ပုံပြင်: မြန်မာ လှေလုပ်သားအချင်းချင်း ဓါးဖြင့်ထိုးသတ်၍ သေဆုံး

Thursday 10 January 2013

မြန်မာ လှေလုပ်သားအချင်းချင်း ဓါးဖြင့်ထိုးသတ်၍ သေဆုံး



            ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၇၈၀အကွာတွင် ရှိသော နခိုစီဌာမရ မြို့ရှိငါးဖမ်းလှေဆိပ်တွင် မြန်မာလှေ လုပ်သား အချင်းချင်း ဘတ်ငွေ ၁၀၀ အငြင်းအခုံ ဖြစ်ရာမှထိုးဖြင့်ထိုးသတ်ကြ သဖြင့် တစ်ဦးသေဆုံးသွားခဲ့သည်။
    ဇန်န၀ါရီလ ၆ ရက်နေ့ က အောင်ကိုလတ်ဆိုသူ လှေဆိပ်တွင် ဓါးထိုးဒဏ်ရာဖြင့် သေဆုံးခဲ့မှုကြောင့် ထိုင်းရဲများ စုံစမ်းနေခဲ့သည်။ ဇန်န၀ါရီလ ၈ ရက်နေ့ကအလုပ်သမားများ နားနေသည့် တဲတစ်ေ ဆာင် တွင် ၁၆ ချက်တိတိ ချုပ်ထားသည့် ဓါးဒဏ်ရာဖြင့် ထိုင်နေ သည့်အသက်၂၅ နှစ်အရွယ် နိုင်ဖြိုးဆိုသူအားဖမ်းမိ ခဲ့ခြင်း ဖြစ်ေ ကြာင်း  ထိုင်းရတ် သတင်းစာတွင်ရေးသားထားသည်။
လူသတ်တရားခံဟု ယူဆရသူ နိုင်ဖြိုး က” အလောင်း ကစားဝိုင်းအပြန်လမ်းမှာ ဘတ်ငွေ ၁၀၀ အငြင်းအခုံ   ဖြစ်ကြတာကိုမကျေနပ်လို့ ထိုးသတ်လိုက်တာ။ အပြန်အလှန် ဓါးနဲ့ ထိုးကြလို့ ဒဏ်ရာရသွားတာ၊ ကျနော် တစ်ယောက်တည်းမဟုတ်ဘူး။  နေရောင်  ဆိုသူပါ ပါတယ်။ သူ လှေထွက်သွားတယ်”ဟု ထွက်
ဆိုကြောင်း  သတင်းစာတွင် ရေးသားထားသည်။
         နေရောင် ဆိုသူ လိုက်ပါသွားသည့် လှေကို စုံစမ်းထားပြီးဖြစ်ကြောင်း၊ ဥပဒေအရ အရေးယူဆောင်
ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲ ပြောဆိုချက်အား ကိုးကား၍ထိုင်းရတ်သတင်းစာတွင် ရေသားထားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...