ဧဒင်အချစ်ပုံပြင်: နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်ဆုနှင့် ကိုမင်းကိုနိုင် ဆုချီးမြှင့်မည်

Thursday 10 January 2013

နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်ဆုနှင့် ကိုမင်းကိုနိုင် ဆုချီးမြှင့်မည်

လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်ဆုများကို ပေးအပ်ချီးမြှင့် သွားမည်ဟု ရုပ်ရှင်ပွဲတော်စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
” Documentary ” အကောင်းဆုံး ဖန်တီးမှုကို  ဒေါ်အောင်ဆန်းစုကြည် ဆု၊ Short (ဇာတ်လမ်းတို) အကောင်းဆုံး ဖန်တီးမှုကို ကိုမင်းကိုနိုင် ဆုဟု အမည်ပေးထားပြီး Animation အကောင်းဆုံး ဆုကိုမူ နာမည် မပေးရသေးကြောင်း ၄င်းက ပြောသည်။  အဆိုပါ ရုပ်ရှင်ပွဲတော်သို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ အနု
ပညာရှင်များ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်ထားပြီး ဒေါ်အောင် ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်တွင် အထက်ပါဆု များကို ရွေးချယ်ပေးအပ်သွားမည် ဟု ၄င်းက ပြောသည်။ ”ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင် ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ် ရှားသူတွေ ဖြစ်လို့ ကျွန်တော်တို့ ရုပ်ရှင် ပွဲတော်မှာ ပေးအပ်မယ့် ဆု တွေကို ဒီလိုနာမည်တွေ ပေးခဲ့တာ ပါ” ဟု ၄င်းက ဆက်ပြောသည်။ ၄င်းရုပ်ရှင်ပွဲတော်တွင် နိုင်ငံ တကာမှ ပါဝင်ယှဉ်ပြိုင်သူများနှင့် ပြည်တွင်း ယှဉ်ပြိုင်သူများဟူ၍ ကဏ္ဍနှစ်ရပ် ခွဲထားကာ သီးသန့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲ ကျင်း ပမည့် ကာလမှာ ဇွန်လ ၁၅ ရက် နေ့မှ ၁၉ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။ ”နိုင်ငံတကာနဲ့ ပြည်တွင်း အတူရောပြီး ယှဉ်ပြိုင်လို့မရဘူး။ အရမ်းရောထွေးပြီး ဆုရွေးချယ်မှု မှာ အခက်အခဲတွေ ဖြစ်သွားလိမ့် မယ်” ဟု ၄င်းက ဆက်လက်ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် တို့ကိုလည်း ဆက် သွယ် အကြောင်းကြားထားပြီး ဖြစ်ရာ ကိုမင်းကိုနိုင်ကိုယ်တိုင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည်ဖြစ် သည်။ နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များ နှင့်ဆက်သွယ်ထားပြီး အကဲဖြတ်ဒိုင်အဖြစ် ပြုလုပ်မည့် ပညာရှင်များအား ထပ်မံကြေညာ သွားမည်ဟု ဆက်ပြောသည်။ ”ပူးပေါင်းပါဝင်လိုတဲ့ Media များကို ဖိတ်ခေါ်ပါတယ်။ ကျွန် တော်တို့ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ဇာတ်လမ်းတွေကို ရုပ်သံ Channel တွေမှာ လွှင့်ခွင့်ရချင်ပါတယ်” ဟု ၄င်းက ပြောသည်။ ရန်ကုန်မြို့၌ ရုပ်ရှင်ပွဲတော် ပြီးစီးသွားပါက ကျန်ပြည်နယ်နှင့် တိုင်း   ဒေသကြီးရှိ မြို့ကြီးများတွင် Mobile အသွင်ဖြင့် ဆက်လက် ပြသသွားမည်ဟု သိရသည်။  ဝင်ရောက်ယှဉ်ပြိုင်လိုသော ပြည်တွင်းပြည်ပမှ အနုပညာရှင်များ အနေဖြင့် အခန်း-၃ဝ၂၊ တတိယ ထပ်၊ တာဝါ (B)၊ ၇မိုင် ကွန်ဒို၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန် ကုန်မြို့၊ မြန်မာနိုင်ငံသို့ ဆက်သွယ် နိုင်ပြီး ဖုန်း ဝ၁-၆၅၄ဝ၈၅ နှင့် Website လိပ်စာ www.hrhdiff.org တွင် ဆက်သွယ် ကြည့်ရှုစုံစမ်း နိုင်ကြောင်း သိရသည်။
ပြည့်ဖြိုးpopularmyanmar.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...