သရုပ်ဆောင် သန္တာဗိုက သူ့ အတွက် အခက်ခဲဆုံး အခန်း သည် အငိုခန်းဖြစ်ကြောင်း ပြောသည်။
”VCDကျ တော့ သီချင်းကို အရင်ခံစားပြီး မုဒ်သွင်းရတယ်။ ပီပြင်ဖို့
အတွက်လည်း တအား ကြိုးစားရတယ်။ ဗီဒီယို ဇာတ်ကား ဆိုရင်လည်း တစ်ကားနဲ့ တစ်ကား
အိုက်တင်တွေ မထပ်အောင် ဂရုစိုက်ပြီး ကြိုးစားရတယ်။ ပထမ ငိုတဲ့အခန်း
ရိုက်ပြီ ဆိုရင်တော်တော်ကို မုဒ်သွင်းရတယ်။ ရပြီ ဆိုရင်လည်း
ကဒ်လို့အော်ပြီး မကြိုက် ဘူးပြန် ရိုက်ဆို ဘယ် လိုမှ ငိုလို့ မရတော့ဘူး။
အစစ်မပြောနဲ့ အတုနဲ့ တောင် မရဘူး။ မျက်ရည် အစစ်နဲ့ ရိုက်တာ များတယ်” ဟု
သန္တာဗိုက ဆိုသည်။
အနုပညာ လမ်းကြောင်းပေါ်မှာ အစ်မဖြစ်သူ ချော ရတနာရဲ့
ပံ့ပိုးမှုနဲ့ ပတ်သက်၍ ”ပရိသတ်တွေ ချစ်တဲ့၊ ပရိသတ်တွေ လက်ခံတဲ့
ကိုယ့်ရဲ့စစ်မှန်တဲ့ ကြိုးစားမှုနဲ့ အတူ အဲဒီ အောင်မြင်မှုမျိုးကိုပဲ
လိုချင်တယ်။ အစ်မကလည်း တတ်နိုင်တဲ့ ဘက်က အကြံတွေ ပေးတယ်။ အစ်မဆီကလည်း အမြဲ
အကြံဥာဏ် တွေ ယူဖြစ်တယ်။ ခုချိန်ထိ ဘာလုပ် ရင် ဘာဖြစ်လဲ အစ်မက အမြဲ
သွန်သင်ပါတယ်။
အစ်မကြောင့် ပရိသတ်တွေ လက်ခံတယ် ဆိုတာထက် ကိုယ့်ကြိုးစားမှု
ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ ရလဒ် တစ်ခုကို ပြန်ရတယ် လို့ပဲ ယုံကြည်တယ်။
အစ်မနဲ့ တစ်လမ်း တည်း တစ်ပုံစံတည်း မဟုတ်ဘဲကွဲ ထွက်တဲ့ သရုပ်ဆောင်မှုတွေ နဲ့
သန္တာဗို ကြိုးစား လုပ်ကိုင်နေပါတယ်”ဟု သန္တာဗို က ပြောသည်။
popularmyanmar
No comments:
Post a Comment