ဧဒင်အချစ်ပုံပြင်: မော်စကိုမြို့ရှိ အဆောက်အအုံ တစ်လုံး မီးလောင် ရှစ်ဦးသေဆုံး

Monday 28 January 2013

မော်စကိုမြို့ရှိ အဆောက်အအုံ တစ်လုံး မီးလောင် ရှစ်ဦးသေဆုံး


Photo: မော်စကိုမြို့ရှိ အဆောက်အအုံ တစ်လုံး မီးလောင် ရှစ်ဦးသေဆုံး

 မော်စကိုမြို့ အနောက် တောင်ပိုင်းရှိ အဆောက်အအုံ တစ်လုံး၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူရှစ်ဦး အထိ သေဆုံး ခဲ့ကြောင်းနှင့် လျှပ်စစ် အသုံး အဆောင်ပစ္စည်း သုံးစွဲမှုကြောင့် မီးလောင် နိုင်ဖွယ်ရှိကြောင်း အရေးပေါ် အခြေအနေ ဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်၌ ထုတ်ပြန်ခဲ့သည်။
၎င်းမီးလောင် မှုကြောင့် အခင်းဖြစ် နေရာ၌ တစ်ဦး သေဆုံးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် ခြောက်ဦးထပ်မံ သေဆုံး ခဲ့ကြောင်းနှင့် ဆေးရုံအတွင်း တစ်ဦးသေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ကို Itar-Tass သတင်း ဌာနက ကိုးကား ဖော်ပြခဲ့သည်။
ထို့အပြင် အခြား ခြောက်ဦးမှာလည်း ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဝန်ကြီး ဌာနက ထပ်လောင်း ထုတ်ပြန် ခဲ့သည်။
၎င်းအဆောက် အအုံသည် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ အတွင်းက အပြီးသတ် ဆောက်လုပ်ခဲ့ သော်လည်း အဆောက်အအုံ ပထမထပ်မှာ လျှပ်စစ် ဂဟေဆော်ရန် လိုအပ် နေသောကြောင့် မွမ်းမံမှုများအား လုပ်ဆောင်ဆဲ ဖြစ်သည်။
၎င်းမီးလောင်မှုသည်  စီးကရက်၊ ဆေးလိပ်တို့မှ မီးလောင်ခြင်း သို့မဟုတ် လျှပ်စစ်ပစ္စည်း သုံးစွဲမှုကြောင့် မီးလောင်ခြင်း ဖြစ်ပွား နိုင်ဖွယ်ရှိကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန်သည်။
လုံခြုံရေး ဝန်ထမ်းများသည် အဆောက်အအုံ မီးလောင်မှုအား ဒေသ စံတော်ချိန် ၁ နာရီ ၈ မိနစ်ခန့်က သိရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းအချိန်တွင် မီးများ ဧရိယာ ၅ဝဝ စတုရန်း မီတာခန့် လောင်ကျွမ်းနေပြီ ဖြစ်ကြောင်း Interfax သတင်း အေဂျင်စီက ပြောကြား ခဲ့သည်။ မီးဘေးသင့်သူ အများစုမှာ အဆောက်အအုံ အတွင်း ယာယီ နေထိုင်နေသော ဆောက်လုပ်ရေး လုပ်သားများ ဖြစ်ကြောင်း သိရသည်။

http://www.mwdmedia.net/2013/01/blog-post_2669.htmlမော်စကိုမြို့ အနောက် တောင်ပိုင်းရှိ အဆောက်အအုံ တစ်လုံး၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူရှစ်ဦး အထိ သေဆုံး ခဲ့ကြောင်းနှင့် လျှပ်စစ် အသုံး အဆောင်ပစ္စည်း သုံးစွဲမှုကြောင့် မီးလောင် နိုင်ဖွယ်ရှိကြောင်း အရေးပေါ် အခြေအနေ ဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်၌ ထုတ်ပြန်ခဲ့သည်။
၎င်းမီးလောင် မှုကြောင့် အခင်းဖြစ် နေရာ၌ တစ်ဦး သေဆုံးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် ခြောက်ဦးထပ်မံ သေဆုံး ခဲ့ကြောင်းနှင့် ဆေးရုံအတွင်း တစ်ဦးသေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ကို Itar-Tass သတင်း ဌာနက ကိုးကား ဖော်ပြခဲ့သည်။
ထို့အပြင် အခြား ခြောက်ဦးမှာလည်း ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဝန်ကြီး ဌာနက ထပ်လောင်း ထုတ်ပြန် ခဲ့သည်။
၎င်းအဆောက် အအုံသည် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ အတွင်းက အပြီးသတ် ဆောက်လုပ်ခဲ့ သော်လည်း အဆောက်အအုံ ပထမထပ်မှာ လျှပ်စစ် ဂဟေဆော်ရန် လိုအပ် နေသောကြောင့် မွမ်းမံမှုများအား လုပ်ဆောင်ဆဲ ဖြစ်သည်။
၎င်းမီးလောင်မှုသည် စီးကရက်၊ ဆေးလိပ်တို့မှ မီးလောင်ခြင်း သို့မဟုတ် လျှပ်စစ်ပစ္စည်း သုံးစွဲမှုကြောင့် မီးလောင်ခြင်း ဖြစ်ပွား နိုင်ဖွယ်ရှိကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန်သည်။
လုံခြုံရေး ဝန်ထမ်းများသည် အဆောက်အအုံ မီးလောင်မှုအား ဒေသ စံတော်ချိန် ၁ နာရီ ၈ မိနစ်ခန့်က သိရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းအချိန်တွင် မီးများ ဧရိယာ ၅ဝဝ စတုရန်း မီတာခန့် လောင်ကျွမ်းနေပြီ ဖြစ်ကြောင်း Interfax သတင်း အေဂျင်စီက ပြောကြား ခဲ့သည်။ မီးဘေးသင့်သူ အများစုမှာ အဆောက်အအုံ အတွင်း ယာယီ နေထိုင်နေသော ဆောက်လုပ်ရေး လုပ်သားများ ဖြစ်ကြောင်း သိရသည်။

http://www.mwdmedia.net/2013/01/blog-post_2669.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...