ဧဒင်အချစ်ပုံပြင်: အမှုများ ရင်ဆိုင်နေရသူ အုပ်ချုပ်ရေးမှူးဖြစ်နေသည့် သက္ကယ်ပြင်ကျေးရွာ

Friday 25 January 2013

အမှုများ ရင်ဆိုင်နေရသူ အုပ်ချုပ်ရေးမှူးဖြစ်နေသည့် သက္ကယ်ပြင်ကျေးရွာ

ဧရာဝတီတိုင်းဒေသကြီး သက္ကယ်ပြင်ကျေးရွာမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား ရွာသူရွာသားမျာက ကျေနပ်မှု မရှိသဖြင့် အသစ်ပြန်လည်ရွေးချယ်ပေးစေလိုကြောင်း သိရသည်။
 
 “ရပ်ရွာကြည်ညိုလေးစားရမဲ့သူ မဖြစ်တာရယ်။ သူက ရပ်ရွာကောင်းကျိုးကိုလုပ်ပေးနိုင်မယ်လို့ လည်း မထင်ဘူး။ လက်ရှိသူက ပုဒ်မ(၃)ခုနဲ့တရားရုံးမှာရင်ဆိုင်နေရတယ်။ ဟု သက္ကယ်ပြင်ကျေးရွာအုပ်စု သဲထုံးရွာသားတစ်ဦးက ပြောသည်။
 
ယခုရပ်/ကျေးကိစ္စအပေါ်တွင် ပြန်လည်ရွေးချယ်မည်၊ မရွေးချယ်မည်ကို ရပ်/ကျေးဥပေဒ အတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်အောင်ဝင်းက ပြောသည်။

 
ကျွန်တော် ဥပဒေအတိုင်းပဲ ဆောင်ရွက်ပါမယ်။ ကျွန်တော်ရပ်/ကျေးဥပဒေ အတိုင်းပဲ ဆောင်ရွက် နေပါတယ် ။ ပြည်သူ့ရဲ့ဆန္ဒကိုခံယူရပါမယ်။ ပြည်သူကကြိုက်တယ်ဆိုတဲ့ဟာကို ကျွန်တော်က ငြင်းပယ်ရင် ကျွန်တော်က   ပြည်သူ့ဆန္ဒကိုငြင်းပယ်ရာကျမှာပေါ့။ ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်အောင်ဝင်းက ပြောသည်။
 
ဦးတင်အောင်ဝင်းသည် သက္ကယ်ပြင်ကျေးရွာတွင် (၄) နှစ် နီးပါးခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေ ဆဲဖြစ်သည်။
 
သက္ကယ်ပြင်ကျေးရွာအုပ်စုရှိ သဲထုံးကျေးရွာတွင် ဘုန်းကြီးကျောင်းဆောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ပြသာနြာ ဖစ် ပွားခဲ့သည်ကို ရွာသူရွာသားများမှ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ ပုဒ်မ(၄) ခုဖြစ်သည့် ပုဒ်မ -၂၉၄၊ ၂၉၅ (က)၊ ၅၀၆၊ ၁၁၄ ပုဒ်မဖြင့် အမှုရင်ဆိုင်နေရကြောင်း သိရသည်။
 
သက္ကယ်ပြင်ကျေးရွာအုပ်စုသည် ကျေးရွာ (၇) ရွာနှင့်ဖွဲ့စည်းထားသော ကျေးရွာဖြစ်သည်။
 
ထက်အောင်ခန့် (မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...