ဧဒင်အချစ်ပုံပြင်: ဖားပြုပ်စား၍ (၁)ဦးသေ၊ (၄)ဦးဆေးကုရ

Wednesday 9 January 2013

ဖားပြုပ်စား၍ (၁)ဦးသေ၊ (၄)ဦးဆေးကုရ


၈-၁-၂၀၁၃ရက်နေ့ ၀၆၃၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နှစ်ခြားကျေးရွာရှိ ဦးတောက်စိုးဦး၏ နေအိမ်အနီးရှိ ရေတွင်းပျက်အနီးတွင် မီးလှုံနေသည့် စောဖာလိရာ(၈)နှစ်ပါ ကလေးငယ်(၅)ဦးသည် ရေတွင်းပျက်အတွင်းမှ တွေ့ရှိရသည့် ဖားပြုပ်တစ်ကောင်အား ဖမ်းဆီးရိုက်နှက်၍ မီးဖုတ်စားသောက်ခဲ့သည်။
ထိုသို့စားသောက်သည့် ကလေးငယ်(၅)ဦးအနက် စောဖာလိရာမှာ အလွန်အကျွံစားသောက်ခဲ့ သဖြင့် ၀၈၃၀အချိန် နေအိမ်၌သေဆုံးသွားခဲ့ပြီး ကျန်(၄)ဦးမှာ ဘားအံဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်မရှိကြောင်း ရဲဇာနည်သတင်းအရ သိရှိရသည်။
from- 9dblood

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...