ဧဒင်အချစ်ပုံပြင်: ဒဏ်ရာများဖြင့်သေဆုံးမှုအား စုံစမ်းဖော်ထုတ်လျက်ရှိ

Wednesday 16 January 2013

ဒဏ်ရာများဖြင့်သေဆုံးမှုအား စုံစမ်းဖော်ထုတ်လျက်ရှိ


၁၄-၁-၂၀၁၃ရက်နေ့ ၁၅၀၀အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာအုပ်စု၊ ငါးတန့်အိုင်ရပ်ကွက်နေ မနီလာစိုး(၁၆)နှစ်သည် ၄ ဖါလုံခန့်ဝေးသည့် ချောင်းကြီး ရွာသို့သွားရောက်ခဲ့ပြီး ပြန်မလာသဖြင့် ဖခင်ဖြစ်သူဦးလှစိုးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုက်လံရှာဖွေ ခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ ၁၇၀၀အချိန်တွင် ငါးတန့်အိုင်ရပ်ကွက်နှင့်ချောင်းကြီးရွာကြား၊ သေမင်းတက် တောင်ခြေ၌ မနီလာစိုးအား လည်ပင်း၊ မေးစေ့နှင့်မျက်နှာတို့တွင် ဖူးရောင်ညိုမဲ၊ ပါးစပ်/နှာခေါင်း သွေးထွက်ဒဏ်ရာများရရှိကာ

ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။ သို့ဖြစ်၍ စုံစမ်းဖော်ထုတ်ပေးရန် ငါးတန့်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ငွေက တိုင်ကြားခဲ့၍ သပိတ်ကျင်း ရဲစခန်း(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...