ဧဒင်အချစ်ပုံပြင်: ဖယောင်းတိုင် မီးထွန်းလျက် အိပ်ပျော် မီးလောင်မှု ဖြစ်ပွား

Tuesday 29 January 2013

ဖယောင်းတိုင် မီးထွန်းလျက် အိပ်ပျော် မီးလောင်မှု ဖြစ်ပွား

မင်းပြားမြို့နယ်  ပန်းမြောင်း ကျေးရွာ စာသင်ကျောင်း ရပ်ကွက်၌ ဇန်နဝါရီ ၂၅ ရက် ည ၉ နာရီခွဲက ဖယောင်းတိုင် မီးထွန်းပြီး အိပ်ပျော် သွားရာမှ နေအိမ် မီးလောင်မှု ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါ ရပ်ကွက်နေ  ဦးမောင်ရွှေသာ  ၅၇ နှစ် နေအိမ်တွင် သားဖြစ်သူ အောင်နိုင် ဌေး  ၉ နှစ်မှာ ယင်းည ၉ နာရီ မိနစ် ၂ဝ က အိပ်ရာ ခေါင်းရင်း၌   ဖယောင်းတိုင် မီးထွန်းပြီး  အိပ်ပျော် သွားရာမှ နေအိမ် မီးကူးစက် လောင်ကျွမ်း ခဲ့သည်။  မီးလောင်မှုကြောင့်  အမြင့် ၁၂ ပေ၊ အလျား ၁၈ ပေ၊ အနံ ၁၄ ပေရှိ ဓနိမိုး
၊ ဝါးထရံကာ၊ကြမ်းခင်း သစ်သားတိုင် နှင့်  ဆောက်လုပ်ထားသော နေအိမ် တစ်လုံး မီးလောင် ဆုံးရှုံး သွားသဖြင့် မင်းပြား ရဲစခန်းမှ  (ပ) ၂ဝ/၂ဝ၁၃ ပြစ်မှု ပုဒ်မ၂၈၅အရ အမှုရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
 by-myawady.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...