ဧဒင်အချစ်ပုံပြင်: ရဟတ်ယာဉ် တစင်း မြစ်ကြီးနားအနီး စက်ချို့ယွင်းပျက်ကျ

Saturday 12 January 2013

ရဟတ်ယာဉ် တစင်း မြစ်ကြီးနားအနီး စက်ချို့ယွင်းပျက်ကျ

ရန်ကုန်လေဆိပ်တွင်တွေ့ရတဲ့ စစ်ရဟတ်ယာဉ် တစီး၊ ဓာတ်ပုံ- Steve Tickner/ဧရာဝတီ 
မြစ်ကြီးနား လေတပ်စခန်းက ရဟတ်ယာဉ်တစီးဟာ ဇန်န၀ါရီလ ၁၁ ရက်နေ့က စက်ချို့ယွင်းပြီးပျက်ကျ သွားခဲ့လို့ လေယာဉ်မောင်း ၂ ဦနဲ့ ပျံသန်းရေး တပ်ကြပ်ကြီး ၁ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ယနေ့ ဇန်န၀ါရီလ ၁၃ ရက်နေ့ မြန်မာ့ အလင်းသတင်းစာမှာ ဆိုပါတယ်။



စက်ချို့ယွင်းလို့ ပျက်ကျသွားခဲ့တဲ့ လေယာဉ်ပျက်ကျရာ နေရပ်ပတ်ဝန်းကျင်ဖြစ်တဲ့ မြစ်ကြီးနားမြို့အနီးမှာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက် ရှာဖွေကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ 

 လိုင်ဇာအနီး ကောင်းကင်းယံထက် အစိုးရ လေတပ်မှ စစ်ရဟတ်ယာဉ် တစီး၊ ဓာတ်ပုံ- ဂျွန်စံလင်း/ဧရာဝတီ

ဒါပေမယ့် တချို့ နိုင်ငံတကာ သတင်းတွေမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့က ရုရှားလုပ် MI 35 ရဟတ် ယာဉ် တစင်းကို ပစ်ချလိုက်တယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် အဆိုပါ ရဟတ်ယာဉ် ပျက်ကျသွား တဲ့ နေရာဟာ စစ်ပွဲတွေ ဖြစ်နေတဲ့ လိုင်ဇာအနီးမှာ မဟုတ်ဘဲ မြစ်ကြီးနားမြို့ အနီးမှာဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...