ဧဒင်အချစ်ပုံပြင်: မြိတ်မြို့၊ ကုန်တိုက်အနီး လူငယ်များအုပ်စုဖွဲ့ရန်ဖြစ် တစ်ဦးသေဆုံး ◘

Tuesday 29 January 2013

မြိတ်မြို့၊ ကုန်တိုက်အနီး လူငယ်များအုပ်စုဖွဲ့ရန်ဖြစ် တစ်ဦးသေဆုံး ◘


Photo: News Of Myeik
◘ မြိတ်မြို့၊ ကုန်တိုက်အနီး လူငယ်များအုပ်စုဖွဲ့ရန်ဖြစ် တစ်ဦးသေဆုံး ◘

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်၊ ည (၁၀း၃၀) အချိန်ခန့်တွင် မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ သာကေတရပ် (ကုန်တိုက်အနီး) အနောက်ဖက်လမ်း ၌ လူငယ်များ အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွားရာ ပထမနှစ် (မြန်မာစာ)ဖြေဆိုထားပြီးသောကျောင်းသား ဖြစ်သူ မောင်လပြည့်ထူး အသက် (၁၈)နှစ်၊ (ဘ) ဦးညွန့်သောင်း၊ သာကေတ (၄)လမ်း နေသူမှာ အရိုက်ခံရပြီး မြိတ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ နံနက် (၅း၀၀) နာရီ အချိန်ခန့်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ မောင်လပြည့်ထူးနှင့် သူငယ်ချင်း (၃) ဦးသည် ကုန်တိုက် အနောက်ဖက်လမ်း၌ ဂီတာ တီးနေစဉ် လူငယ် (၇) ဦးမှ ရောက်ရှိလာပြီး မောင်လပြည့်ထူးနှင့် သူငယ်ချင်းများအား တုတ်ဖြင့် ရိုက်နှက်ကြရာ (၃)ဦးမှာ ထွက်ပြေး နိုင်ခဲ့ပြီး မောင်လပြည့်ထူးမှာ ရိုက်နှက်ခံရမှုကြောင့် လဲကျကျန်ခဲ့သဖြင့် နီးစပ်ရာမှ ဆေးရုံသို့ တင်ပို့ရာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

မောင်လပြည့်ထူးနှင့် အဖွဲ့အား ရိုက်နှက်ကြသူများမှာ မောင်လူအေး (၁၈)နှစ် (ဘ) ဦးဘတုတ်၊ မောင်သိန်းပိုင် (၂၀)နှစ် (ဘ) ဦးဘတုတ်၊ မောင်လောက်လောက် (ခ) စိုးလင်းဇော် (၁၇)နှစ် (ဘ) ဦးကြည်စိုး၊ မောင်အောင်ဇော်မင်း (၁၄)နှစ် (ဘ) ဦးလှဝင်း၊ မောင်ရဲကို (၁၆)နှစ် (ဘ) ဦးဆန်းကို ၊ မောင်သူရဇော် (၁၉)နှစ် (ဘ) ဦးမောင်ဇော် ၊ မောင်စံငယ် (၂၅)နှစ် (ဘ) ဦးသိန်းတန် တို့ ဖြစ်ကြပြီး ၄င်းပြစ်မှုကျူးလွန်သူ လူငယ် အများစုအား မြိတ်မြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။


News Of Myeik......


ပြစ်မှုကျူးလွန်သည့် 7 ဦးတွင် 6 ဦးအားဖမ်းဆီးရမိထားပြီး တစ်ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်းသိရတယ်မြိတ်မြို့မှာဒီလိုလူငယ်များအ
နေဖြင့် အုပ်စုဖွဲ့ သောင်းကျန်းနေသည့်အဖြစ်အပျက်များ မှာတဖြည်းဖြည်းများပြားလာနေတာတွေ့ရတယ် သက်ဆိုင်ရာ မိဘများနှင့်တာဝန်ရှိသူများလည်း ဒါကိုသေသေချာကြပ်မတ်သင့်ပါတယ်.၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်၊ ည (၁၀း၃၀) အချိန်ခန့်တွင် မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ သာကေတရပ် (ကုန်တိုက်အနီး) အနောက်ဖက်လမ်း ၌ လူငယ်များ အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွားရာ ပထမနှစ် (မြန်မာစာ)ဖြေဆိုထားပြီးသောကျောင်းသား ဖြစ်သူ မောင်လပြည့်ထူး အသက် (၁၈)နှစ်၊ (ဘ) ဦးညွန့်သောင်း၊ သာကေတ (၄)လမ်း နေသူမှာ အရိုက်ခံရပြီး မြိတ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ နံနက် (၅း၀၀) နာရီ အချိန်ခန့်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ.... မောင်လပြည့်ထူးနှင့် သူငယ်ချင်း (၃) ဦးသည် ကုန်တိုက် အနောက်ဖက်လမ်း၌ ဂီတာ တီးနေစဉ် လူငယ် (၇) ဦးမှ ရောက်ရှိလာပြီး မောင်လပြည့်ထူးနှင့် သူငယ်ချင်းများအား တုတ်ဖြင့် ရိုက်နှက်ကြရာ (၃)ဦးမှာ ထွက်ပြေး နိုင်ခဲ့ပြီး မောင်လပြည့်ထူးမှာ ရိုက်နှက်ခံရမှုကြောင့် လဲကျကျန်ခဲ့သဖြင့် နီးစပ်ရာမှ ဆေးရုံသို့ တင်ပို့ရာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

မောင်လပြည့်ထူးနှင့် အဖွဲ့အား ရိုက်နှက်ကြသူများမှာ မောင်လူအေး (၁၈)နှစ် (ဘ) ဦးဘတုတ်၊ မောင်သိန်းပိုင် (၂၀)နှစ် (ဘ) ဦးဘတုတ်၊ မောင်လောက်လောက် (ခ) စိုးလင်းဇော် (၁၇)နှစ် (ဘ) ဦးကြည်စိုး၊ မောင်အောင်ဇော်မင်း (၁၄)နှစ် (ဘ) ဦးလှဝင်း၊ မောင်ရဲကို (၁၆)နှစ် (ဘ) ဦးဆန်းကို ၊ မောင်သူရဇော် (၁၉)နှစ် (ဘ) ဦးမောင်ဇော် ၊ မောင်စံငယ် (၂၅)နှစ် (ဘ) ဦးသိန်းတန် တို့ ဖြစ်ကြပြီး ၄င်းပြစ်မှုကျူးလွန်သူ လူငယ် အများစုအား မြိတ်မြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။


News Of Myeik......


ပြစ်မှုကျူးလွန်သည့် 7 ဦးတွင် 6 ဦးအားဖမ်းဆီးရမိထားပြီး တစ်ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်းသိရတယ်မြိတ်မြို့မှာဒီလိုလူငယ်များအ
နေဖြင့် အုပ်စုဖွဲ့ သောင်းကျန်းနေသည့်အဖြစ်အပျက်များ မှာတဖြည်းဖြည်းများပြားလာနေတာတွေ့ရတယ် သက်ဆိုင်ရာ မိဘများနှင့်တာဝန်ရှိသူများလည်း ဒါကိုသေသေချာကြပ်မတ်သင့်ပါတယ်.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...