ဧဒင်အချစ်ပုံပြင်: “စိုင်းစိုင်းနှင့် အကောင်းဆုံး ဝေဖန်ကြသူများ”

Tuesday 22 January 2013

“စိုင်းစိုင်းနှင့် အကောင်းဆုံး ဝေဖန်ကြသူများ”

Frenzo Productionက ထုတ်လုပ် ပြီး HEART & SOUL ထုတ်လုပ်ရေးကဖြန့်ချိတဲ့ ‘ဆယ်နှစ်ကြိုးကဝေ’ ဒီဗီဒီဇာတ်ကားကို ၂ဝ၁၂ခုနှစ် ဇွန်လကစတင်ပြီး ရုံတင်ပြသခဲ့ပါ တယ်။ ‘ဆယ်နှစ်ကြိုးကဝေ’ ဇာတ် ကားမှာ စိုင်းစိုင်းခမ်းလှိုင်၊ ဝိုင်းစုခိုင် သိန်း၊ အေသင်ချိုဆွေ တို့ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇာတ်ကား ရုံတင်ပြသစဉ်က ဝေဖန်ချက်တွေကို ပရိသတ်တွေဆီက ရေးပေးဖို့လည်း စီစဉ်ခဲ့ပြီး ဒီဇာတ်ကားကို ဗီဒီယို အဖြစ်မဖြန့်ချိခင် အကောင်းဆုံး ဝေဖန်ချက်ရေးနိုင်တဲ့သူ ၁ဝယောက် ကို ရွေးချယ်ပြီး စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံဖို့ အစီအစဉ်လည်း ရှိခဲ့ပါတယ်။ အခုဒီဇာတ်ကားကို ဇန်နဝါရီ ၂၅ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ဇန်နဝါရီ လ ၁၇ ရက်နေ့၊ ညနေ ၇နာရီက Western Park မှာ စိုင်းစိုင်းခမ်း လှိုင်က အကောင်းဆုံးဝေဖန်ချက် ရေးသားနိုင်သူ ပရိသတ် ၁ဝယောက် နဲ့ တွေ့ဆုံခဲ့ပါတယ်။
ပရိသတ် တွေဖြစ်တဲ့ ဦးမင်းသိန်း၊ အောင်ခိုင်ဆွေ၊ ဇာဇာကို၊ ကျော့ကျော့ခိုင်၊ သန္တာဦး၊ ယုငယ်ပြုံး၊ ဖြိုးသီရိစံ၊ ပွင့်ပြည့်စန္ဒာဦး၊ မိစု၊ သစ္စာခိုင်တို့က စိုင်းစိုင်းခမ်းလှိုင် နဲ့ ရင်းနှီးတွေ့ ဆုံပြီး သူတို့ရဲ့ ဝေဖန်ချက်တွေ၊ အကြံပေးချက်တွေကိုလည်း အပြန်အလှန် ပြောဖြစ်ခဲ့ကြပါတယ်။ ဒီလိုဝေဖန်ချက်တွေကို စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင်လည်း ဖတ်ဖြစ် သလို အကောင်းဆုံးဝေဖန် နိုင်တဲ့ ပရိသတ်၁ဝယောက်ကို ထုတ်လုပ်ရေးက ရွေးချယ်ခဲ့တာလို့လည်း သိရပါတယ်။ ဒီလိုတွေ့ဆုံပွဲကို ‘ဆယ်နှစ်ကြိုးကဝေ’ ဇာတ်ကား ရိုက်ကူးတဲ့ ဒါရိုက်တာမီးပွားကလည်း တက်ရောက်ခဲ့ပါတယ်။ ဝေဖန်ချက်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ ဝိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေနဲ့ ဒါရိုက်တာမီးပွားတို့ကို တစ်ယောက်ချင်း ဝေဖန်ချက်တွေလည်း ရေးထားတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကို တောသားဇာတ်ရုပ်တွေနဲ့မလိုက်ဘူးလို့ ပြောပြသလို ဝေဖန်ချက်တွေ ထဲမှာ အများဆုံးတူနေတာက မျက်လုံးကို အဓိကဝေဖန်ထားတာလည်း တွေ့ရတာကြောင့် ဒီလိုတွေ့ ဆုံပွဲနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်ကို မေးကြည့်တော့ “ကျွန်တော့် ပရိသတ်တွေနဲ့ တွေ့ရတဲ့အတွက် ပျော်တယ်။ အားလုံးက မေတ္တာနဲ့ လာကြတဲ့အတွက် အဲဒီအရသာကို ခံစားရတယ်။ ပြီးတော့ ၁ဝယောက်ပဲ ဖိတ်နိုင်တဲ့အတွက် မဖိတ်နိုင် တဲ့ ပရိသတ်တွေကို အားနာတယ်။ အဲဒါကိုလည်း တောင်းပန်ပါတယ်။ ကျွန်တော်ဝေဖန်ချက်တွေ အကုန်လုံးကို ဖတ်တယ်။ ကျွန်တော့်ပရိ သတ်တွေက ကျွန်တော့်ကို အိုက်တင် ကောင်းလွန်းလို့ ကြည့်နေတာ မဟုတ်ဘူး။
စိုင်းစိုင်းကားတွေကိုတစ်နေ့ တော့ ကောင်းလာနိုးနဲ့ အားပေးနေတာကို သိလိုက်ရတယ်။ကျွန်တော့်ကို မျက်လုံးကို အဓိက ဝေဖန်သွားတယ်။ သရုပ်ဆောင်ဆိုတာ မျက်လုံးနဲ့ အဓိက သရုပ်ဆောင်ရတဲ့အတွက် မျက်လုံးကိုပဲ အားလုံးက ဝေဖန်ထောက်ပြပေးတယ်။ ကျွန်တော့်မှာ လိုအပ်ချက်တွေ ရှိနေတာကိုလည်း ကျွန်တော်သိတယ်။ ဝေဖန်တာတွေကိုလည်း ကျွန်တော်လက်ခံတယ်။ ပရိသတ်အမျိုးမျိုးက အမျိုးမျိုးဝေဖန်ကြတာပေါ့။ အခု ကျွန်တော်နဲ့ တိုက်ရိုက် တွေ့ရတာဖြစ်တဲ့အတွက် သူတို့ ဆီက ပြောတဲ့ စကားတွေက ကျွန်တော့် အတွက် အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်ဖေ့စ်ဘုတ်ပေါ်မှာ လူ ၇သောင်းလောက်ရှိတာ နေ့တိုင်း သူ တို့နဲ့ ပြောနေတာ။ ကျွန်တော့်ဘဝ အဲဒါနဲ့ပဲဖြတ်သန်းနေတာပါ။ ကျွန်တော် ဒီလိုပဲပရိသတ်တွေနဲ့တွေ့ဖို့အစီအစဉ် ရှိပါသေးတယ်”လို့ ပြောပါတယ်။
ဒီလို ပရိသတ်တွေနဲ့ တွေ့ဆုံမှုကို တစ်ခါမှ မကြုံဖူးဘူးလို့ ပြောတဲ့ ဒါရိုက်တာမီးပွားကလည်း ဒီဇာတ် ကားမှာ လိုအပ်ချက်တွေရှိရင်လည်း ဒါရိုက်တာရဲ့လိုအပ်ချက်တွေပါ လို့ လည်း ဆိုခဲ့ပါတယ်။ ဒီပွဲမှာ စိုင်းစိုင်းခမ်းလှိုင်တွေ့ဆုံတဲ့ ပရိသတ် ၁ဝ ယောက်ထဲမှာ စိုင်းစိုင်းခမ်းလှိုင် ဖိတ်ထားတဲ့သူငယ်ချင်း ၂ယောက်လည်း ပါဝင်ပါတယ်။ စိုင်းစိုင်း ရဲ့ ပရိသတ် တစ်ယောက်ဖြစ်တဲ့ သစ္စာခိုင်က..”ကိုစိုင်းနဲ့က သိတာ ၁ဝနှစ် လောက်ရှိပြီ။ ဒီကားကိုကြိုက်လို့ ၂ခေါက်တောင် သွားကြည့်ဖြစ်တယ်။ ကိုစိုင်းက ဒရာမာနဲ့ မလိုက်ဘူး။ ဖန်စီ လေးတွေပဲ လိုက်တယ်။ အိုက်တင်က လိုသေးပေမယ့် အရင်ကထက် အများကြီး တိုးတက်လာတယ် ထင်တယ်။ မျက်လုံးက နည်းနည်းလိုသေးတယ်။ ကိုစိုင်းက တောဇာတ်နဲ့ မလိုက်ဘူး။ လူငယ်ဆန်ဆန်လေးတွေ လိုက်တယ်။ ကိုစိုင်းက အပြင်မှာလည်း တအားဖော်ရွေတယ်”လို့ ပြောသလို ဇာဇာကိုကလည်း “ဇာတ်ကား တစ်ခုလုံးကို ခြုံပြီးဝေဖန်ဖြစ်တယ်။ ပါဝင်တဲ့ သရုပ်ဆောင်ရော၊ ဇာတ်ကားရော ကြိုက် တယ်။ လိုအပ်ချက်တွေအတွက် ပရိသတ်တစ်ယောက်ရဲ့အမြင်ကို သိစေချင်လို့ ဝေဖန်တာ။ အရင်ဇာတ် ကားတွေထက် ကောင်းလာပေမယ့် အဓိကက မျက်လုံးနဲ့ စကားပြောတာ ပေါ့။ မျက်လုံးကို ဒီထက်ပိုပြီးခံစားချက် ထည့်နိုင်ဖို့နဲ့ အသံကတော့ လူတိုင်းပင်ကိုသံတော့ ရှိပေမယ့် စကားပြောတာ နည်းနည်းမု(ဒ်)ဝင်ဖို့လို သေးတယ်လို့ထင်တယ်။ စိုင်းစိုင်းရဲ့ ကြိုးစားမှုကို စောင့်ပြီး အားပေးနေ ပါတယ်”လို့ ဝေဖန်ချက် တွေကို ပြောပြခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီးနောက် အမှတ်တရအဖြစ် ‘ဒိတ်ဒိတ်ကြဲ’သီချင်းခွေကို အမှတ်တရ လက်ဆောင် ပေးခဲ့ပါတယ်။
မေမွန်မောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း-popularmyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...