ဧဒင်အချစ်ပုံပြင်: ကမ္ဘာ ပျက်လျှင်တောင် မသေနိုင်ပဲ အသက်ရှင် စေမည့် နည်းလမ်း

Saturday 26 January 2013

ကမ္ဘာ ပျက်လျှင်တောင် မသေနိုင်ပဲ အသက်ရှင် စေမည့် နည်းလမ်း

လက်ရှိ ကမ္ဘာ့ ထိပ်သီး သိပ္ပံ ပညာရှင်တို့ ရှာဖွေ ဖော်ထုတ် နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ကြောက်စရာလည်း ကောင်းသလို၊ အံ့သြဖို့လည်း ကောင်းပါတယ်။
ယင်းကတော့ လူ့စိတ်ကို စက်ရုပ်ထဲ အားလုံး ပို့ဆောင်ခြင်း ဖြစ်ပါတယ်။ အသက် လိပ်ပြာကို လွဲပြောင်းတဲ့ သဘော အတိုင်းပါပဲ။ တီထွင်မယ့် စက်ရုံက လူတစ်ယောက် နီးပါး ဥာဏ်ရှိရမယ် သို့မဟုတ်၊ လူက လွဲပြောင်း ပေးလိုက်တဲ့ ဥာဏ်ရည် အားလုံးကို မပျက်ဆီးပဲ မှတ်သား နိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ မြွေတွေ အရေခွံ လှဲတာထက်ေ တာင် ပိုဆန်း နေပါတယ်။ မြွေအရေခွံ လှဲပေမယ့် သူ့ကိုယ်က ဒီတိုင်းပါပဲ။ ဒီမှာ လူ့ခန္ဓာကိုယ် တစ်ခု လုံးကို ထားခဲ့ရမှာ ဖြစ်ပါတယ်။

ကိုယ့်ဆီမှာ ရှိတဲ့ မှတ်ဥာဏ်၊ အိုင်ကျူ လယ်ဗယ် အားလုံးကို စက်ရုပ်ဆီ ရောက်အောင် Upload လုပ်ပေးရုံပါပဲ။ ဒီမှာတောင် ကိုယ် မမှတ်မိ စေချင်တဲ့ အကြောင်းအရာတွေ ကိုတောင် ချန်ထားလို့ ရမယ်လို့ ဆိုပါတယ်။ ယင်း စက်ရုပ် ကလည်း အနည်းဆုံး နှစ်ပေါင်း ၅၀၀ လောက် ကတော့ တာရှည်ခံ မှာလို့ ဆိုပါတယ်။
ကွန်ပြူနာ ချစ်ပ်၊ နာနိုဓာတ်ပြား များထဲမှာ လူ့လိပ်ပြာ ဝင်ခိုအောင်းဖို့ ဆိုတာ စဉ်းတော့ စဉ်းစားစရာ ပါပဲ။ ဒီလိုနဲ့ စက်ပစ္စည်း ပြတ်ရင် ပြင်လိုက်၊ အသစ် လှဲလိုက်၊ ပိုကောင်းတဲ့ စက်ရုပ် ခန္ဓာကိုယ်ကို ကူးပြောင်းလိုက်နဲ့ သူတို့ တွေးထားတဲ့ အတွေးကတော့ အံ့မခန်း ပါပဲ။ ဒီတော့ ပထမဆုံး အဆင့်က လူတစ်ယောက် နီးနီး တွေးခေါ်နိုင်၊ ခံစား နိုင်တဲ့ စက်ရုပ် သို့မဟုတ် နှလုံးသား ပါတဲ့ စက်ပစ္စည်း၊ Memory , ဟာ့ဒ်ဝဲများ တီထွင်ရမှာက ပထမ အဆင့် ဖြစ်ပါတယ်။
ယင်းစက်ရုံက နေရာစုံ သွားလာနိုင်၊ ပိုမိုသန်မာ၊ လှုပ်ရှားနိုင်ပြီး၊ ကိုယ်ပါပဲ လုပ်ချင်လုပ်ချင်၊ ပရိုဂရမ်ဆွဲ သွင်းလိုက်ရုံ ဖြစ်ပြီး စွယ်စုံ တတ်ကျွန်းမယ့် သူတောင် ဖြစ်လာ နိုင် ပါတယ်။
ထိကိုင်လို့ မရပေမယ့် ပညတ်အတိုင်း ရှိနေတဲ့၊ အချစ်၊ အမုန်း၊ သံယောဇဉ် ဆိုတာ တွေကို စက်ရုပ် ဦးနှောက်မှာ ထည့်သွင်း နိုင်ပြီဆိုရင် အောင်မြင်ဖို့ ပထမဆုံး ခြေ လှမ်းပါပဲ။ လူ့မှတ်ဥာဏ်ကို ကူးပြောင်းလို့ ရတယ်ဆိုတော့ နှစ်ကိုယ် ခွဲတောင် ဖြစ်လာ မလားပဲ။ ဒီတော့ အနာဂတ်မှာ လူသားတွေ ထာဝရ အသက် ရှင်မယ့် သူများ ဖြစ် မဖြစ် ဆိုတာ စောင့်ကြည့်ရုံပဲ ဖြစ်ပါတယ်။
Ref: techblog
From : yoyarlay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...