ဧဒင်အချစ်ပုံပြင်: ရွှေတိဂုံစေတီနှင့်အထပ်မြင့်အဆောက်အအုံများမြေငလျင်ဒဏ်ခံနိုင်ရေး စပရိန်ကဲ့သို့ဒေါက်တိုင်များထည့်သွင်းပြုပြင်ရန် ဂျပန်ပညာရှင်များအကြံပြု

Monday 21 January 2013

ရွှေတိဂုံစေတီနှင့်အထပ်မြင့်အဆောက်အအုံများမြေငလျင်ဒဏ်ခံနိုင်ရေး စပရိန်ကဲ့သို့ဒေါက်တိုင်များထည့်သွင်းပြုပြင်ရန် ဂျပန်ပညာရှင်များအကြံပြု


Photo: ရွှေတိဂုံစေတီနှင့်အထပ်မြင့်အဆောက်အအုံများမြေငလျင်ဒဏ်ခံနိုင်ရေး
စပရိန်ကဲ့သို့ဒေါက်တိုင်များထည့်သွင်းပြုပြင်ရန် ဂျပန်ပညာရှင်များအကြံပြု
____________________________________________________
ရန်ကုန်မြို့ရှိရွှေတိဂုံဘုရားနှင့် အထပ်မြင့် အဆောက်အအုံများမြေလျင်ဒဏ်ခံနိုင်ရေးအတွက် စပရိန် ကဲ့သို့သောဆောက်လုပ်ရေးဒေါက် တိုင်အကြီးစား (သို့မဟုတ်) ဆောက် ဦးအောက်ခြေအလယ်တွင် အင်္ဂတေအကြီးစားများကိုအဆင့်မြင့်နည်းပညာသုံးထည့်သွင်းပြုပြင်သင့်ကြောင်းဂျပန်ပညာရှင် ဖီယာဖိုတိုကအင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင်အကြံပြု ပြောကြားခဲ့သည်။
''မြေငလျင်တွေ ဖြစ်လာနိုင် မယ်ဆိုတာအရင်တုန်းက နှစ်ပေါင်း ၁ဝဝ၊ ၂ဝဝ မှတ်တမ်းတွေ ပြန် ကြည့်ရတာပေါ့။ အဆောက်ဦးတွေ ကို ကြိုတင်ပြင်ရင် မပြိုဘူး။ မပျက် ဘူးပေါ့။ အကျိုးအမြတ် မရှိဘူးလားဆိုတော့ လူမှုရေးလည်း ဖြစ်ရမယ်။ စီးပွားရေးလည်းဖြစ်ရမယ်။ ရွှေတိဂုံဘုရားက မြန်မာတွေအလေးအနက် ထားတဲ့ သာသနိကအဆောက်အအုံတစ်ခုဖြစ်သလိုယဉ်ကျေးမှုအမွေ အနှစ်တစ်ခုလည်းဖြစ်တယ် '' ဟု ¤င်းပညာရှင်အားခေါ်ဆောင်လာသူဂိုးဒင်းကီးကုမ္ပဏီ CEOဦးမြတ်ကောင်း က ပြောသည်။
သဘာဝဘေးအန္တရာယ်များ နှင့် ပတ်သက်၍ ၁၉၇၅ ခုနှစ်၌ ပုဂံဒေသတွင် ငလျင်လှုပ်ခတ်မှု၊ ၂ဝဝ၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂ဝဝ၉ ခုနှစ်တွင် ရေကြီးခြင်း၊ ၂ဝ၁၁ ခုနှစ် ရှမ်းပြည်နယ် တာချီလိတ် ငလျင်၊ ၂ဝ၁၂ ခုနှစ်တွင် ရွှေဘိုငလျင်နှင့် စစ်ကိုင်းငလျင်များဖြစ်ပွားခဲ့သည်။
ဂျပန်လူမျိုးပညာရှင် မစ္စတာဖီယာဖိုတို့သည် မြေငလျင်လှုပ်ခတ် မှုများအားအဓိကထားလေ့လာ၍ သုတေသနပြုလုပ်သူအင်ဂျင်နီယာပညာရှင်တစ်ဦး ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကာသက် ဆိုင်ရာဌာန ပြည်ထောင်စုဝန်ကြီးနှင့် လည်းနေပြည်တော်၌ တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသိရသည်။
¤င်းစပရိန်ကဲ့သို့ ဒေါက်တိုင် (သို့မဟုတ်) ငလျင်ဒဏ်ခံမြေအောက် အင်္ဂတေအကြီးစားထည့်သွင်းခြင်းကိုတန်ဖိုးနည်းစွာဖြင့် ပြင်ဆင်နိုင် သောနည်းပညာအား ¤င်းမစ္စတာဖီယာမိုတိုကဗီဒီယိုမှတ်တမ်းဖိုင်ဖြင့် ရှင်းပြခဲ့သည်။
''သူကရွှေတိဂုံဘုရားကိုငလျင်ဒဏ်ခံနိုင်အောင် ဒေါက်တိုင် နည်းပညာနဲ့ အင်္ဂတေဖောင်ဒေးရှင်းထိုင်တာကိုပြောပြတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေကဘုရားနဲ့ ပတ် သက်ရင် အထိမခံတော့ ဒါမျိုးလုပ် ဖို့ကမလွယ်ပါဘူး'' ဟုယင်းဆွေး နွေးပွဲတွင် မေးမြန်းခဲ့သူအင်ဂျင် နီယာတစ်ဦးကလည်းပြောသည်။

Messenger News Journalရန်ကုန်မြို့ရှိရွှေတိဂုံဘုရားနှင့် အထပ်မြင့် အဆောက်အအုံများမြေလျင်ဒဏ်ခံနိုင်ရေးအတွက် စပရိန် ကဲ့သို့သောဆောက်လုပ်ရေးဒေါက် တိုင်အကြီးစား (သို့မဟုတ်) ဆောက် ဦးအောက်ခြေအလယ်တွင် အင်္ဂတေအကြီးစားများကိုအဆင့်မြင့်နည်းပညာသုံးထည့်သွင်းပြုပြင်သင့်ကြောင်းဂျပန်ပညာရှင် ဖီယာဖိုတိုကအင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင်အကြံပြု ပြောကြားခဲ့သည်။
''မြေငလျင်တွေ ဖြစ်လာနိုင် မယ်ဆိုတာအရင်တုန်းက နှစ်ပေါင်း ၁ဝဝ၊ ၂ဝဝ မှတ်တမ်းတွေ ပြန် ကြည့်ရတာပေါ့။ အဆောက်ဦးတွေ ကို ကြိုတင်ပြင်ရင် မပြိုဘူး။ မပျက် ဘူးပေါ့။ အကျိုးအမြတ် မရှိဘူးလားဆိုတော့ လူမှုရေးလည်း ဖြစ်ရမယ်။ စီးပွားရေးလည်းဖြစ်ရမယ်။ ရွှေတိဂုံဘုရားက မြန်မာတွေအလေးအနက် ထားတဲ့ သာသနိကအဆောက်အအုံတစ်ခုဖြစ်သလိုယဉ်ကျေးမှုအမွေ အနှစ်တစ်ခုလည်းဖြစ်တယ် '' ဟု ¤င်းပညာရှင်အားခေါ်ဆောင်လာသူဂိုးဒင်းကီးကုမ္ပဏီ CEOဦးမြတ်ကောင်း က ပြောသည်။
သဘာဝဘေးအန္တရာယ်များ နှင့် ပတ်သက်၍ ၁၉၇၅ ခုနှစ်၌ ပုဂံဒေသတွင် ငလျင်လှုပ်ခတ်မှု၊ ၂ဝဝ၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂ဝဝ၉ ခုနှစ်တွင် ရေကြီးခြင်း၊ ၂ဝ၁၁ ခုနှစ် ရှမ်းပြည်နယ် တာချီလိတ် ငလျင်၊ ၂ဝ၁၂ ခုနှစ်တွင် ရွှေဘိုငလျင်နှင့် စစ်ကိုင်းငလျင်များဖြစ်ပွားခဲ့သည်။
ဂျပန်လူမျိုးပညာရှင် မစ္စတာဖီယာဖိုတို့သည် မြေငလျင်လှုပ်ခတ် မှုများအားအဓိကထားလေ့လာ၍ သုတေသနပြုလုပ်သူအင်ဂျင်နီယာပညာရှင်တစ်ဦး ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကာသက် ဆိုင်ရာဌာန ပြည်ထောင်စုဝန်ကြီးနှင့် လည်းနေပြည်တော်၌ တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသိရသည်။
¤င်းစပရိန်ကဲ့သို့ ဒေါက်တိုင် (သို့မဟုတ်) ငလျင်ဒဏ်ခံမြေအောက် အင်္ဂတေအကြီးစားထည့်သွင်းခြင်းကိုတန်ဖိုးနည်းစွာဖြင့် ပြင်ဆင်နိုင် သောနည်းပညာအား ¤င်းမစ္စတာဖီယာမိုတိုကဗီဒီယိုမှတ်တမ်းဖိုင်ဖြင့် ရှင်းပြခဲ့သည်။
''သူကရွှေတိဂုံဘုရားကိုငလျင်ဒဏ်ခံနိုင်အောင် ဒေါက်တိုင် နည်းပညာနဲ့ အင်္ဂတေဖောင်ဒေးရှင်းထိုင်တာကိုပြောပြတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေကဘုရားနဲ့ ပတ် သက်ရင် အထိမခံတော့ ဒါမျိုးလုပ် ဖို့ကမလွယ်ပါဘူး'' ဟုယင်းဆွေး နွေးပွဲတွင် မေးမြန်းခဲ့သူအင်ဂျင် နီယာတစ်ဦးကလည်းပြောသည်။

Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...