ဧဒင်အချစ်ပုံပြင်: ရထားတိုက်မိ၍ လူတစ်ဦး သေဆုံး

Sunday 27 January 2013

ရထားတိုက်မိ၍ လူတစ်ဦး သေဆုံး


၂၆-၁-၂၀၁၃ ရက်နေ့ ၁၇၂၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တောင်ပျံ အမှတ်(၁၁)မြို့ပတ်ရထားသည် ဘောက်ထော်ဘူတာနှင့် ကံဘဲ့ဘူတာအကြား မိုင်တိုင်အမှတ်(၅/၃)နှင့် (၅/၄)ကြားအရောက်တွင် ရထားသံလမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအား ရထားကြိတ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်နေရာသို့ ရထားရဲတပ်ဖွဲ့၊ အမှတ်(၁၀)တပ်ခွဲ(အင်းစိန်)မှ တပ်ဖွဲ့ဝင်များက သွား ရောက် ကြည့်ရှုစစ်ဆေးရာ ရထားကြိတ်သေဆုံးသူမှာ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး

ဦးခေါင်းကြေမွဒဏ်ရာ(၁)ချက်၊ ယာလက်ပြတ်၊ ၀ဲခြေဒူးခေါင်းအောက်မှပြတ် ဒဏ်ရာများရရှိကာ သေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ခဲ့သည်။ ဖြစ်စဉ် နှင့်ပတ်သက်၍ ရန်ကင်းရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၃)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...