ဧဒင်အချစ်ပုံပြင်: လားရှိုးသိန်းအောင် ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ(photo)

Saturday 19 January 2013

လားရှိုးသိန်းအောင် ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ(photo)

အောင်မြင်သော တေးသီချင်း ပေါင်းများစွာ သီဆိုပြီး မြန်မာပြည်နှင့် နှစ်ပေါင်း ၄၀ ကြာဝေးကွာနေသောတေးသံရှင်ကြီး လားရှိုးသိန်းအောင် ၏ တစ်ကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲကို ဇန်န၀ါရီလ ၁၉ ရက် ည ၇ နာရီက MCC ကွင်းပြင် တွင်ကျင်းပခဲ့ရာ ပရိတ်သတ်များ ကွင်းပြည့်ကွင်းလျံ အားပေးခဲ့ကြသည်။


ရဲရဲ ၊ ဓါတ်ပုံ - အောင်ဇော်မင်း


Popular

1 comment:

  1. ကျွန်တော်စွဲလမ်းခဲ့တဲ့ အဆိုတော်ကြီးပါ...အင်မတန် ၀မ်းသာပါတယ်...လိုက်ရှိုးခွေကို အမြန်ဆုံးဝယ်ပြီး ကြည့်ပါတယ်...ဦးသိန်းအောင်ကြီးတွေ့ရတာ အင်မတန် ကို ခံစားရပါတယ်...ပွဲစီစဉ်ပေးသူတွေကို ကျေးဇူးတင်ပါတယ်..
    ကျွန်တော်တောင် ပြန်ငယ်သွားသလိုခံစားရပါတယ်.....
    စေတနာနဲ့ပြောချင်တာရှိပါတယ်..နောက်ပွဲတွေမှာ ဒီထက်ပိုကောင်းပို ပီပြင်စေချင်လို့ပြောတာပါ..
    live show မှာ 2 ပိုင်းပေါ့နော်...ပထမ လေးဇီကလပ် နဲ့ ဒုတိယ အင်ပါယာဝိုင်းနဲ့ ဆိုပါတယ်...ပထမပိုင်း တီးဝိုင်း အင်မတန် အားနည်းပါတယ်..နားထောင်ရတာ အဆင်မပြေပါဘူး...မူရင်းတီးလုံးတွေနဲ့ဆို အင်မတန် ဝေးကွာလှပါတယ်......
    ဒုတိယပိုင်း နားထောင်လို့ဖြစ်တယ်ဆိုပေမယ့် စိတ်တိုင်းမကျကြပါဘူး..
    ဟာမိုနီလိုက်တဲ့ အမျိုးသီးတွေလဲ တော်ကြပါတယ်..ဒါပေမယ့် အားလုံးဟာ အသံ ဖလက်ဖြစ်တဲ့သူတွေချည်းပါပဲ...စုံတွဲဆိုတဲ့ အခါမှာ ပိုသိသာပါတယ်...ကောင်းပေမယ့် ကျွန်တောတို့ မျှော်လင့်သလောက် မဖြစ်ခဲ့တာ အမှန်တိုင်းပြောတာပါ....
    ဒါကြောင့် နောက်ပွဲတွေမှာ ပွဲစီစဉ်သူနဲ့ ဦးသိန်းအောင်ြီးကို ပြောချင်တာက....ဒီတစ်ခါဆိုရင်...မူရင်းနီးပါးတီးနိုင်မယ့်တီးဝိုင်း ဖြစ်စေချင်ပါတယ်....အရင် လားရှိုး အျမှတ်တရ ပွဲတုန်းက တီးသွားတဲ့တီးဝိုင်း အင်မတန်ကောင်းပါတယ်...ဒေါ်လာ..ကန့်ကော်တောမျိုးအောင်တို့ ဆိုသွားကြပါတယ်...ဥပမာ...လိဒ် ကို မယ်ဒလင်နဲ့တီးပြတာမျိုးပေါ့....စက်ပိုင်းဆိုင်ရာ တွေတိုးတက်လာပေမယ့် ရသပေးစွမ်းနိုင်မှုကတော့ မတိုးတက်လာပါဘူး....ဘာကြောင့်လဲ အဖြေရှာစေချင်ပါတယ်....ကျွန်တော်တို့က အသံရော တီးလုံး ရော ဟာမိုနီရော ..စုံတွဲတေးရော..အားလုံးကို ရသအပြည့်နဲ့ ခံစားမှုပေးနိုင်မယ့် သမိုင်းမှတ်တိုင် ပွဲကြီး မျိုးကို မျှော်လင့်တောင့်တနေခဲ့တာ ဒီအချိန်ထိပါပဲ......
    နောက်ပွဲတွေမှာ တီးဝိုင်းကို ဦးစားပေး ရွေးချယ်စေချင်ပါတယ်....ပြီးခဲ့တဲ့ပွဲမှာ တီးဝိုင်းဘက်က ပေါ့တယ်လို့ ခံစားရပါတယ်....
    အမျိုးသမီးနေရာမှာ အဆိုတော်များကို ဆိုစေချင်ပါတယ်....ပီပီပြင်ပြင် ဖြစ်မှ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုချင်ပါတယ်..မှတ်တိုင်တစ်ခု ဟာ ခိုင်ခိုင်မာမာဖြစ်သင့်ပါတယ်...
    အဆိုးဆုံးကတော့ .....sky net ရုပ်သံ တီးဖြတ်မှုပါပဲ အင်မတန်ညံ့ဖျင်းပါတယ်...ကြည့်တဲ့သူရဲ့ ခံစားမှုရသကို တစ်ဝက်လောက်ကို ဖျက်စီးထားတဲ့ တည်းဖြတ်တင်ဆက်မှုပါ...ကြိုးစားပါအုံး sky net..ရေ-

    ReplyDelete

Related Posts Plugin for WordPress, Blogger...