ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်လုံမြို့အထွက်
စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေ ပိုင်းတွင်
တရားမ၀င်လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား သက်သေခံပစ္စည်း များနှင့်
အတူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် ဖယ်ခုံရဲစခန်းမှ
စခန်းမှူးနှင့် သတင်းတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သောအဖွဲ့မှ
ကွမ်လုံစစ်ဆေးရေးဂိတ်တွင်
ယာဉ်မောင်း မြင့်ဦး(တောင်ကြီးမြို့နေ သူ)
မောင်းနှင်လာသော ယာဉ်အမှတ်၊ ၅ဂ/၅၂၀၁ HONDA.CR.Y ခဲရောင်အား
စစ်ဆေးရှာဖွေရာတွင် ယာဉ်မောင်း မြင့်ဦး ခါးကြားမှ ထိုင်းနိုင်ငံထုတ်
BROWING အမျိုးအစား ပစ္စတို(၁)လက်နှင့် ၎င်း ကျည်ဆံ(၇)တောင့်၊ အတူပါလာသော
မျိုးသန့် (တောင်ကြီးမြို့နေသူ) ၏ ဘေးတံခါးလက်ကိုင်ခွက် အတွင်းမှ ဘီအေ-၁၀၉
လက်ပစ်ဗုံး (ဖြူးစ်တပ်လျက်) နှင့်
ကားဂီယာထိုးတံရှေ့ခွက်အတွင်းမှ ဘီအေ-၁၀၉
လက်ပစ်ဗုံး(၁)လုံး တို့ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။ အထက်ပါ
တရားမ၀င် လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား ဖယ်ခုံရဲစခန်းတွင်
အမှုဖွင့် အရေးယူထားပြီး ဆက်စပ်သည့်သတင်းများ မေးမြန်းနေကြောင်းနှင့်
ယာဉ်မောင်းမြင့်ဦးသည် ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး
အဖွဲ့ (ရလလဖ)မှ အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ကြောင်း ဖယ်ခုံမြို့ဒေသခံများထံမှ
သိရသည်။
Shan News
No comments:
Post a Comment