
“ချောရဲ့ညီမလေးနဲ့လည်း
ချောက နေ့တိုင်းလို ဖုန်းပြောဖြစ်တယ်။ မပြောဖြစ်ရင်
အပြင်မှာတွေ့ဖြစ်တယ်။တွေ့တဲ့အခါ သူ့ရဲ့အလုပ်နဲ့ ပတ်သက်တာတွေကိုပဲ
ချောကိုပြောပြတယ်။ ချောက ပြောပေးနိုင်တာ၊ လုပ်ပေးနိုင်တာလေးတွေဆိုရင်
သူ့ကို အကြံပေးဖြစ်တယ်။ သူ့ကို တအားချုပ်ချယ်တာတွေတော့ ချောမလုပ်ဘူး။
နောက်ပြီး ချောက သူ့ကို ဒါကိုဖြစ်အောင်လုပ်ရမယ်ဆိုပြီး ဘယ်တော့မှမပြောဘူး။
သူ့ ဘာသာသူ ပျော်သလိုကြိုးစားပြီး လုပ်နေတာကိုပဲ ဘေးကနေ
ပံ့ပိုးဖြစ်တယ်”လို့ပြောပါတယ်။ ချောရတနာက အိမ်ထောင်ကျ ပြီးနောက်ပိုင်း
အနုပညာ အလုပ်ကို အရင်ကထက်စာရင် နည်းနည်းပါးပါးပဲလုပ်ဖြစ်တော့မှာဖြစ်ပြီး
အိမ်ထောင်ရှင်ဖြစ်နေပြီဖြစ်တဲ့အတွက် မိခင် တစ်ယောက်လည်း
ဖြစ်ခွင့်ရချင်နေပြီဖြစ်လို့ ခင်ပွန်းသည် နဲ့အတူ ရင်သွေးလေးယူဖို့ကိုလည်း
စဉ်းစားနေသလို နှစ်ယောက်စလုံးကလည်း ကလေးလိုချင်နေပါပြီလို့ ပြောပါတယ်။
လွင်လွင်ထွန်း--popularmyanmar
No comments:
Post a Comment