ဧဒင်အချစ်ပုံပြင်: “လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အလုပ်သမား ၂ဦး နစ်နာကြေး သုံးသိန်းကျော်ရရှိ”

Wednesday 27 February 2013

“လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အလုပ်သမား ၂ဦး နစ်နာကြေး သုံးသိန်းကျော်ရရှိ”

၂၀၁၃ ဖေဖေါ်ဝါရီ ၂၇
ကိုတီး
လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိသဖြင့် ကိုယ်လက် အင်္ဂါ ပျက်စီးဆုံးရှုံးသွားသည့် အလုပ်သမား  ၂ဦး အတွက်ပူးပေါင်းကူညီသူများ ဆောင်ရွက်ပေး မှုကြောင့် ယမန်နေ့က ဘတ်ငွေ တစ်သိန်းကျော်စီ  ပထမအရစ်အဖြစ် ရရှိသွားကြကြောင်း ကူညီသူ များပြောပြချက်အရ သိရှိရသည်။
ယမန်နေ့က  ပအို့ဝ်အမျိုးသား ခွန်မောင်လုံး သည် ပကာစာခွန်း(အာမခံကြေး)ဘဏ်မှ ဘတ်ငွေ တစ်သိန်းရှစ်သောင်း ရရှိခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ တွင် ဘန်ကောက်မြို့အယ်ကချိုင် ၆၆
လမ်း ထဲတွင်ရှိသော မော်တော်ဆိုင်ကယ် အပို ပစ္စည်းစက်ရုံတွင် လက်မတော်တဆ ညပ်မိသဖြင့် ဘယ်လက်ဝါး အားလုံးပြတ်ထွက်သွားခဲ့သည်။
   နောက်တစ်ဦးမှာ ဘန်ကောက်မြို့ အနီး အုန်းနွဲ့ဖက်ကဆင် ၁၂၀လမ်းတွင်ရှိသော SAMMARTY MOTHER CO,LTD ပုံးလောင်းပါကင် အလုပ်ရုံတွင် ဇွန်လက  လက်ချောင်းများပြတ်တောက်သွားခဲ့သည့် ပဲခူးမှ မအေးသီတာဝင်းအား အာမခံကြေး ဘတ်ငွေ တစ်သိန်းခြောက်သောင်းကျော်အား ပြီးခဲ့သည့်လက ရရှိခဲ့သည်။
     ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED မှ ရှေ့နေက လုပ်ငန်းရှင်ထံမှ နစ်နာကြေးများထပ်မံရရှိဦးမည်ဖြစ်ကြောင်း ပြောပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ပူးပေါင်းဆောင်ရွက်မှု
ရလဒ်တွေပါ။ အယင်တုန်းက ထိုင်းမှာ မြန်မာအလုပ်သမားတွေ ကျိုးတာပြတ်တာတွေရဖို့ နေနေသာသာ
အသက်သေရင်တောင် တစ်ပြားမှ မရခဲ့ကြဘူး။ ခု ကျနော်တို့မှာ FED က ရှေ့နေလည်းရှိနေတယ်။ လိုအပ်
ချက်အချို့ကို မြန်မာသံရုံး က သံမှူး  ဦးအောင်ကျော်လင်း၊ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နဲ့ အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် တို့ကလည်း ကူညီပေးကြတယ်။ နောက်ထပ် အကျိုးအပြတ်တွေရော ကားတိုက်သေဆုံးမှု တွေရောအများကြီး ကျနော်တို့ ကိုင်တွယ်ဖြေရှင်းနေရတာတွေရှိပါတယ်” ဟုပြောသည်။
       ထိုင်းအလုပ်သမားဥပဒေတွင် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်စေ၊ အခြားသေမှုသေခင်းတစ်ခုခုဖြစ်စေ အချိန်
ကာလအားဖြင့် ရက်ပေါင်း ၁၈၀(၆လ) မကျော်မီ အမှုဖွင့်တိုင်ကြားရမည်ဟု ပြဌာန်းထားကြောင်း ထိုင်းရှေ့နေများပြောပြချက်အရ သိရှိရသည်။




by- goldenworkers.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...