ဧဒင်အချစ်ပုံပြင်: "ပြိုင်ပွဲမှာ ဆုရတဲ့သူတိုင်း အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး စည်သူလွင်"

Monday, 11 February 2013

"ပြိုင်ပွဲမှာ ဆုရတဲ့သူတိုင်း အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး စည်သူလွင်"

Photo: "ပြိုင်ပွဲမှာ ဆုရတဲ့သူတိုင်း အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး စည်သူလွင်"

ခုနောက်ပိုင်း အဆို ပြိုင်ပွဲ တော်တော် များများမှာ အတွေ့များ လာတာက သီချင်းသီဆိုမှု အပြင် ဖက်ရှင်နဲ့ ပါဖောမန့်ပိုင်း ပဲဖြစ်ပါတယ်။ အဲဒီလို ပါဖောမန့် ဦးစားပေး လာမှုအပေါ် လက်ရှိ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲက ဒိုင်တစ်ဦးဖြစ်သူ စည်သူလွင်နဲ့ တွေ့ဆုံခိုက် မေးတော့ 

“ပြိုင်ပွဲတွေလည်း အများကြီး ရှိတော့ ဒိုင်လုပ်တဲ့ အနုပညာ သမားတွေ လည်း အများကြီး ရှိပါတယ်။ ပြိုင်ပွဲ တစ်ခုနဲ့ တစ်ခုကတော့ သဘာဝ ချင်းတော့ မတူဘူးပေါ့။ တချို့က အဆိုချည်းပဲ သီးသန့် ပြိုင်တဲ့ပွဲမျိုး ရှိသလို တချို့ ကျတော့လည်း ပရိသတ်ကို ဖျော်ဖြေမှု အနေ နဲ့လည်း သက်ရောက် မယ်။ အဆို အနေနဲ့ လည်း ယှဉ်ပြိုင်တဲ့ ပွဲမျိုးတွေရှိတယ်။ ဥပမာ အိပ်မက် ဆုံရာ လိုပေါ့။ အဲဒီလိုမျိုး ကျတော့ ပရိသတ်ကို အင်တာတိန်းမန့် လုပ်တဲ့ သဘော လည်းပါတယ်။ အဆိုပြိုင်ပွဲ သဘောလည်း ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ က နှစ်ဖက်ကိုမျှ ကြည့်ပေး ရတယ်။ သို့သော် အဆိုပြိုင်ပွဲ ဖြစ် တဲ့ အတွက် အဓိက အဆိုကိုပဲ ဦး စားပေးတယ်။ ပါဖောမန့် ဆိုတဲ့ နေရာမှာ အတင်း လုပ်ယူထားတာ မျိုးကို မကြိုက်ဘူး။ အဲဒီ အတွက် လည်း အမှတ် ထည့်ပေးမှာ မဟုတ်ဘူး။ တချို့ကျတော့ ထဲထဲဝင်ဝင် မသိဘဲ ဝေဖန်ကြတာ မျိုးတွေလည်း ရှိတာပေါ့။ တကယ် လက်တွေ့လုပ် နေတဲ့ သူတွေ အများကြီး ရှိပါတယ်။ အဲဒီ လူတွေက ပိုသိပါတယ်။ ကျွန်တော်တို့က အမှတ်ပေးစည်း မျဉ်းမှာ ပါဖောမန့်ကို ထည့်ထားတာ မှန်ပေမယ့် သီချင်း ဆိုတာ မကောင်းဘဲနဲ့ ပါဖောမန့် တစ်ခုပဲ ကောင်းနေ လို့ လုံးဝ အမှတ်ပေးမှာ မဟုတ်ပါဘူး။ သီဆိုခြင်း အတတ်ပညာ ကိုပဲ အဓိက ထားပြီး ဦးစားပေးပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်တဲ့ နေရာမှာ ပါဖောမန့် ကို လုံးဝ အဓိကထားပြီး ဆုံးဖြတ်တာ မဟုတ်ဘူး ဆိုတာ အားလုံးကို သိစေချင်ပါတယ်” လို့ စည်သူလွင်က အမှတ်ပေး ပုံစံတွေ နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။ 

ဆက် လက်ပြီး စည်သူလွင်က သူကိုယ် တိုင် ဒိုင်လုပ်နေရတဲ့ အိပ်မက်ဆုံရာ သီချင်း ဆိုပြိုင်ပွဲနဲ့ ပတ်သက်ပြီး လည်း 
“သူ့ရဲ့သဘောတရားက ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်း တစ်ခုတည်း ကို ရွေးချယ် ယှဉ်ပြိုင်ရတာ မဟုတ်ဘူး။ မြူးဇစ်ပုံ သဏ္ဌာန် မျိုးစုံ ကို ယှဉ်ပြိုင် ရတယ်။ အဆိုပြိုင်ပွဲ ဆိုတာမျိုးထက် သူတို့ ရဲ့ အရည် အချင်း ဘယ်လောက် ရှိလဲ ဆိုတာကို စမ်းသပ်တဲ့ပွဲ လို့ပဲမြင်ပါတယ်။ မြူးဇစ်စတိုင် တစ်ခု အပြောင်း အလဲမှာ သူတို့က ဘယ်လောက်ထိ လိုက်ပါစီး မျောနိုင်သလဲ ဆိုတဲ့ စွမ်းရည် အပေါ်မှာ ရွေးတာပါ” လို့ ဆက်ပြောပါတယ်။

အဆိုပြိုင်ပွဲတွေ များလာပေမယ့်လည်း ဂီတလောက မှာတော့ တကယ့်ကို ထင်ရှားလာကြတဲ့ သူတွေ ကတော့ လက်ချိုးရေ လို့ရနေပါတယ်။ အဲဒီအပေါ်မှာ စည်သူလွင် က 
“အဆို ပြိုင်ပွဲမှာ ဆုရတဲ့ သူတိုင်း အောင်မြင် တယ်လို့ ပြောလို့မရပါဘူး။ ဥပမာ ကျွန်တော်တို့ ဆီမှာ Season တစ်ခု တစ်ခုမှာ လူ ၁ဝယောက် ရှိတယ် ဆို ပါစို့။ ၁ဝယောက် ထဲကနေ အကောင်း ဆုံးတစ်ယောက်ကို ရွေးပေး လိုက်တာ။ အားလုံးထဲမှာ အကောင်းဆုံး လို့တော့ ပြောလို့မရဘူး။ အဲဒါတစ်ခု ရှိသလို ပြိုင်ပွဲမှာ သူတို့ ယှဉ်ပြိုင် လိုက်ရတဲ့ သီချင်း အပုဒ်ရေက ၁၅ပုဒ် ၊ အပုဒ် ၂ဝ ဝန်းကျင်ပဲရှိပါတယ်။ ပြီး တော့ သူများ ဖန်တီးပြီးသား သီချင်း တွေကို ဂိုက်လိုင်း ရှိပြီးသားနဲ့ ယှဉ်ပြိုင် ရတာဖြစ် တယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ ဖန်တီးမှု ဆိုတာကို ခုချိန်မှာမမြင် တွေ့ရသေးဘူး။ ကိုယ်တိုင် ဖန်တီးတဲ့ အခါ ဘယ်လောက်ထိ သူတို့ အရည် အချင်းရှိလဲ။ အဲဒီအပေါ် မှာ မူတည်တယ်။ ပညာဝမ်းစာ ဘယ်လောက် ပြည့်ဝသလဲ အပေါ်မှာ မူတည်တယ်။ ပြီးတော့ အောင်မြင်တဲ့ အနုပညာသမား တစ်ယောက် ဖြစ်လာ ဖို့ ကံတွေ စန်းတွေက လည်း ရှိသေးတယ်။ ပြီးတော့ ပံ့ပိုးမှုတွေနဲ့လည်းဆိုင် တယ်” လို့ စည်သူလွင်က ပြောပြခဲ့ပါတယ်။

စည်သူလွင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကိုတော့ ၂ဝ၁၂ နိုဝင်ဘာလ ထဲမှာပြုလုပ်ဖို့ စီစဉ်ထားပေမယ့် နေရာ အခက်အခဲကြောင့် ၂ဝ၁၃ ခုနှစ်ထဲမှာ မှ ပြု လုပ်ဖြစ်တော့ မယ်လို့ သိရပါတယ်။

ရဲရဲခုနောက်ပိုင်း အဆို ပြိုင်ပွဲ တော်တော် များများမှာ အတွေ့များ လာတာက သီချင်းသီဆိုမှု အပြင် ဖက်ရှင်နဲ့ ပါဖောမန့်ပိုင်း ပဲဖြစ်ပါတယ်။ အဲဒီလို ပါဖောမန့် ဦးစားပေး လာမှုအပေါ် လက်ရှိ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲက ဒိုင်တစ်ဦးဖြစ်သူ စည်သူလွင်နဲ့ တွေ့ဆုံခိုက် မေးတော့

ရဲရဲ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...