ဧဒင်အချစ်ပုံပြင်: မွမ်ဘိုင်းလေဆိပ်တွင် ဆောက်လုပ်ဆဲ မိုးပျံတံတားပြိုကျ

Friday 8 February 2013

မွမ်ဘိုင်းလေဆိပ်တွင် ဆောက်လုပ်ဆဲ မိုးပျံတံတားပြိုကျ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့လေဆိပ်တွင် ဆောက်လုပ်ဆဲ မိုးပျံတံတားတစ်စင်း ပြိုကျရာ လူသုံးဦး သေဆုံး၍ ခြောက်ဦး ဒဏ်ရာရရှိကြောင်း အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားသည်။ မွမ်ဘိုင်းမြို့ရှိ အဓိကကျသော လေဆိပ်ကြီး၌ ဆောက်လုပ်လျက်ရှိသော မိုးပျံတံတားမှ ကြီးမားသော ကွန်ကရစ်အခင်း ရုတ်တရက်ပြိုကျမှု ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက ဖြစ်ပွားကြောင်း၊ အောက်တွင် အလုပ်လုပ်နေသူများ အပေါ်သို့ ပြိုကျမှုကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။ အများဆုံး ထိခိုက်ဒဏ်ရာရသူ များမှာ အလုပ်သမားများ ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ တင်ပို့ကုသပေးလျက် ရှိကြောင်း ၄င်းက ပြောကြားသည်။ (အင်တာနက်)khitlunge

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...