ဧဒင်အချစ်ပုံပြင်: သစ်သီးတင် သင်္ဘော တစ်စင်း ပေါ်မှ မြွေ အကောင်ရေ ၂၆ဝဝ ကို ဟောင်ကောင် အကောက်ခွန် ရုံးမှ ရှာဖွေ တွေ့ရှိ

Wednesday 13 February 2013

သစ်သီးတင် သင်္ဘော တစ်စင်း ပေါ်မှ မြွေ အကောင်ရေ ၂၆ဝဝ ကို ဟောင်ကောင် အကောက်ခွန် ရုံးမှ ရှာဖွေ တွေ့ရှိ


Photo: သစ်သီးတင် သင်္ဘော တစ်စင်း ပေါ်မှ မြွေ အကောင်ရေ ၂၆ဝဝ ကို ဟောင်ကောင် အကောက်ခွန် ရုံးမှ ရှာဖွေ တွေ့ရှိ 

ဟောင်ကောင် အကောက်ခွန် ရုံးမှ အာဏာပိုင် များသည် သစ်သီး ဝလံများ တင်ဆောင် လာသည့် ကုန်တင် သင်္ဘော တစ်စင်းကို ဝင်ရောက် ရှာဖွေ ခဲ့ကြရာတွင် ၎င်းကုန်တင် သင်္ဘောပေါ်မှ မြွေအကောင်ရေ ၂၆ဝဝ ခန့်ကို တွေ့ရှိ ခဲ့ကြခြင်းကြောင့် တုန်လှုပ် ချောက်ချား သွားခဲ့ ရသည်ဟု အဆိုပါ ရုံးမှ တာဝန်ရှိသူ များက ပြောကြားသည်။

ဖြစ်ပွားပုံမှာ ဟောင်ကောင် အကောက်ခွန် ရုံးမှ တာဝန်ရှိသူ များသည် ဖေဖော်ဝါရီ ၅ ရက်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာလာသည့် သစ်သီးတင် သင်္ဘော တစ်စင်းကို ရုတ်တရက် ဝင်ရောက် စစ်ဆေး ခဲ့ကြရာ ၎င်းသင်္ဘော ပေါ်မှ လင်းမြွေ အကောင် ၂၄ဝဝ နှင့် မြွေဟောက် အကောင် ၂ဝဝ ကို တွေ့ရှိ ခဲ့ကြခြင်း ဖြစ်ပြီး ၎င်းသင်္ဘော ကို တရုတ်ရိုးရာ မြွေနှစ် မစခင် ရက်များအလို ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လွှတ် ပေးခဲ့ကြောင်း  အစိုးရ ဌာနမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

သင်္ဘောပေါ်ရှိ မြွေများ၏ ကံကြမ္မာကို မသိနိုင် သော်လည်း ၎င်းမြွေမျိုးစိတ် နှစ်ခုစလုံးကို တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဟင်းလျာအဖြစ် အသုံး ပြုကြကြောင်း သိရသည်။ တရုတ်နိုင်ငံ အတွင်းရှိ လူအချို့သည် မြွေသားကို စားကောင်းသောက်ဖွယ် အစားအစာ တစ်ခု အဖြစ် သတ်မှတ် ထားပြီး စွပ်ပြုတ်အဖြစ် သောက် သုံးကြကြောင်း၊ မြွေသား စားခြင်းသည် သွေးလည်ပတ်မှုကို ကောင်းစေပြီး ဖျားနာမှု များကို ကာကွယ် တားဆီး ပေးနိုင်သည်ဟု ယူဆ ထားကြကြောင်း သိရသည်။

ဟောင်ကောင် ဥပဒေတွင် မြို့အတွင်းသို့ တရားမဝင် ကုန်ကူးမှုကို တားမြစ်ထားပြီး ဥပဒေ ချိုးဖောက်မှုကို ရှာဖွေ တွေ့ရှိပါက ထောင်ဒဏ် အများဆုံး ခုနစ်နှစ်နှင့် အမြင့်ဆုံး ဒဏ်ကြေး အဖြစ် ဟောင်ကောင်ဒေါ်လာ ၂ သန်း (ဒေါ်လာ ၂၅ဝဝဝဝ) အထိ ချမှတ်နိုင်ကြောင်း သိရသည်။ဟောင်ကောင် အကောက်ခွန် ရုံးမှ အာဏာပိုင် များသည် သစ်သီး ဝလံများ တင်ဆောင် လာသည့် ကုန်တင် သင်္ဘော တစ်စင်းကို ဝင်ရောက် ရှာဖွေ ခဲ့ကြရာတွင် ၎င်းကုန်တင် သင်္ဘောပေါ်မှ မြွေအကောင်ရေ ၂၆ဝဝ ခန့်ကို တွေ့ရှိ ခဲ့ကြခြင်းကြောင့် တုန်လှုပ် ချောက်ချား သွားခဲ့ ရသည်ဟု အဆိုပါ ရုံးမှ တာဝန်ရှိသူ များက ပြောကြားသည်။

ဖြစ်ပွားပုံမှာ ဟောင်ကောင် အကောက်ခွန် ရုံးမှ တာဝန်ရှိသူ များသည် ဖေဖော်ဝါရီ ၅ ရက်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာလာသည့် သစ်သီးတင် သင်္ဘော တစ်စင်းကို ရုတ်တရက် ဝင်ရောက် စစ်ဆေး ခဲ့ကြရာ ၎င်းသင်္ဘော ပေါ်မှ လင်းမြွေ အကောင် ၂၄ဝဝ နှင့် မြွေဟောက် အကောင် ၂ဝဝ ကို တွေ့ရှိ ခဲ့ကြခြင်း ဖြစ်ပြီး ၎င်းသင်္ဘော ကို တရုတ်ရိုးရာ မြွေနှစ် မစခင် ရက်များအလို ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လွှတ် ပေးခဲ့ကြောင်း အစိုးရ ဌာနမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

သင်္ဘောပေါ်ရှိ မြွေများ၏ ကံကြမ္မာကို မသိနိုင် သော်လည်း ၎င်းမြွေမျိုးစိတ် နှစ်ခုစလုံးကို တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဟင်းလျာအဖြစ် အသုံး ပြုကြကြောင်း သိရသည်။ တရုတ်နိုင်ငံ အတွင်းရှိ လူအချို့သည် မြွေသားကို စားကောင်းသောက်ဖွယ် အစားအစာ တစ်ခု အဖြစ် သတ်မှတ် ထားပြီး စွပ်ပြုတ်အဖြစ် သောက် သုံးကြကြောင်း၊ မြွေသား စားခြင်းသည် သွေးလည်ပတ်မှုကို ကောင်းစေပြီး ဖျားနာမှု များကို ကာကွယ် တားဆီး ပေးနိုင်သည်ဟု ယူဆ ထားကြကြောင်း သိရသည်။

ဟောင်ကောင် ဥပဒေတွင် မြို့အတွင်းသို့ တရားမဝင် ကုန်ကူးမှုကို တားမြစ်ထားပြီး ဥပဒေ ချိုးဖောက်မှုကို ရှာဖွေ တွေ့ရှိပါက ထောင်ဒဏ် အများဆုံး ခုနစ်နှစ်နှင့် အမြင့်ဆုံး ဒဏ်ကြေး အဖြစ် ဟောင်ကောင်ဒေါ်လာ ၂ သန်း (ဒေါ်လာ ၂၅ဝဝဝဝ) အထိ ချမှတ်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...