ဧဒင်အချစ်ပုံပြင်: အမျိုးသားတစ်ဦး ခြောက်လွှာမှ ခုန်ချမှု ကမာရွတ်မြို့နယ်အတွင်း ဖြစ်ပွား

Wednesday 13 February 2013

အမျိုးသားတစ်ဦး ခြောက်လွှာမှ ခုန်ချမှု ကမာရွတ်မြို့နယ်အတွင်း ဖြစ်ပွား

crime-feb-13
ခုန်ချခဲ့သည့်နေရာအား တွေ့ရစဉ်
ကမာရွတ်မြို့နယ်၊ လှည်းတန်း ပေငါးဆယ်လမ်း၊ တိုက် ၃၄၊ ၆ လွှာ၊ အေတွင် နေထိုင်သူ အမျိုးသားတစ်ဦး ၎င်း၏ ခြောက်လွှာအထပ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်က ရန်နောင်ထွန်း (၂၆) နှစ်သည် ၎င်းနေထိုင်ရာ တိုက် ၃၄၊ ၆ လွှာမှ တိုက်နောက်ဖေးသို့ ခုန်ချခဲ့ကြောင်း သိရသည်။
အဆိုပါ ခုန်ချမှုကြောင့် ၎င်းမှာ ဦးခေါင်းနှင့် ခြေထောက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မျက်မြင်တို့က ပြောသည်။
"မခုန်ချမီ နေ့လယ် ၁၂ နာရီကျော်လောက်က အဲဒီကလေး အန်တီတို့ဆိုင်မှာ ဟင်းလာဝယ်သေးတယ်။
ပြီးတော့ ပြန်ထွက်သွားတယ်။ နောက်တော့ အမျိုးသမီးတစ်ဦး အော်သံကြားတယ်။ ပြီးတော့ ခုန်ချတဲ့လူရဲ့ အမေရောက်လာတယ်။ နောက်ဖေးလမ်းကြားမှာ အန်တီ့သား ခုန်ချသွားလို့ဆိုပြီး ပြောတယ်။ အဲဒီတော့မှ အန်တီတို့လည်း တိုက်ပေါ်က ခုန်ချတာ သိလိုက်တယ်။ သူ့ကို အရင်က မတွေ့ဖူးဘူး။ ဒီရပ်ကွက်ထဲကို ပြောင်းလာတာ မကြာသေးဘူးထင်တယ်" ဟု ဖြစ်စဉ်အနီးရှိ နေထိုင်သူ တစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကမာရွတ်ရဲစခန်း တာဝန်ရှိသူ တစ်ဦးက "လက်ရှိမှာ စစ်ဆေးချက် ယူနေပါတယ်။ ပြီးမှ ဥပဒေအတိုင်း ဆက်လက် အရေးယူသွားပါမယ်" ဟု ဖြေကြားသည်။     
by-news-eleven.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...