ဧဒင်အချစ်ပုံပြင်: မန္တလေးက ထိုင်းဘုရင်အုတ်ဂူ ထိုင်းသုတေသီတို့ လေ့လာဖော်ထုတ်ပြီ

Thursday 21 February 2013

မန္တလေးက ထိုင်းဘုရင်အုတ်ဂူ ထိုင်းသုတေသီတို့ လေ့လာဖော်ထုတ်ပြီ


Photo: မန္တလေးက ထိုင်းဘုရင်အုတ်ဂူ ထိုင်းသုတေသီတို့ လေ့လာဖော်ထုတ်ပြီ

ရွှေအောင် DVB  ၂၀ ဖဖော်ဝါရီ ၂၀၁၃

(သတင်းဓါတ်ပုံ - စူပါ)

မန္တလေးတိုင်း အမရပူရမြို့နယ် လင်းဇင်းကုန်းသုသာန်ရှိ အုတ်ဂူ ၂ ခုဟာ ထိုင်းဘုရင် အုတ်ဂူ ဟုတ်၊ မဟုတ်  ဖော်ထုတ်ဖို့ ထိုင်းသုတေသနပညာရှင်အဖွဲ့ဟာ ဒီနေ့ပဲ လုပ်ငန်းစတင်နေပြီလို့ စုံစမ်း သိရှိရပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ ဆက်သွယ်ပြီး ထိုင်းဘုရင်အုတ်ဂူ သုတေသနပြုဖို့ လုပ်ဆောင်ကြတာလို့ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးသက်နိုင်ထွန်းက ပြောပါတယ်။

“သူက အရင် delegation သဘောမျိုးလာပြီးတော့မှ ထိုင်းအစိုးရ ဆက်သွယ်ပြီး အစိုးရ အစိုးရချင်း ဆက်သွယ်လုပ်တဲ့ သဘောမျိုးပါ။ ကျနော်တို့က လုပ်ငန်းပိုင်းဆိုင်ရာ ၀ိုင်းကူတဲ့သဘောပါ။”

ထိုင်းသုတေသနပညာရှင် အယောက်၂၀ လောက်ပါဝင်တဲ့အဖွဲ့ ဒီမနက်ပိုင်း သုတေသန လုပ်ငန်း စတင် လုပ်ဆောင်နေကြပုံကို သွားရောက်လေ့လာကြည့်ရှုခဲ့တဲ့ အမရပူရမြို့က ကိုငြိမ်းဝင်းက အခုလို ပြောပါတယ်။

“သူတို့ တအုပ်စုကတော့ တံခွန်တိုင်လိုမျိုး ဘုရားနားလေးမှာ ဆွေးနွေးနေတယ်။ ဒီဘက်မှာ ၁ ယောက်ကတော့ လိုဏ်ခေါင်းဖောက်တာကို ၀င်ကြည့်နေတယ်။ မနက်ဖြန် survey လုပ်မှာကို သူတို့က အကြမ်းအားဖြင့်ပြောတာကတော့ ဒီအုတ်ဂူကို အလယ်ကနေ ဖောက်ဝင်ဖို့များတယ်။ ဘေးက၀င်ရင်ပြိုသွားမယ်လို့ သူတို့ပညာရှင်က ပြောတယ်။ ဘေးက သံဖရိန်တွေနဲ့ပတ်ပြီး အလယ်ကနေ ကရိန်းနဲ့ ဖောက်ဝင်မှာ။ နောက် တံခွန်တိုင်လို၊ စေတီပုံစံမျိုးက ဘေးကနေ သူတို့ကဖောက်လိုက်မှာ၊ ပြီးရင် စက်ကိရိယာနဲ့ စမ်းသပ်မယ့်သဘောရှိတယ်။”

ထိုင်းသုတေသနအဖွဲ့ဟာ လင်းဇင်းသုသာန်မှာ ၁ လခွဲလောက် အချိန်ယူပြီး သုတေသန လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အမရပူရမြို့ လင်းဇင်းသုသာန်မှာ ရှိတဲ့အုတ်ဂူဟာ ထိုင်းဘုရင်အုတ်ဂူ ဟုတ်၊ မဟုတ်ကို အသေအချာ သုတေသနပြုခဲ့ကြတာ မရှိခဲ့ဖူးဘဲ အခု ထိုင်းဘက်က လာရောက် သုတေသနပြုတာဟာ ပထမဆုံး ဖြစ်ပါတယ်။

အခုလို ထိုင်းသုတေသနပညာရှင်အဖွဲ့ လာရောက်သုတေသနပြု ဖော်ထုတ်တဲ့လုပ်ငန်း လုပ်ဆောင်မှုအပေါ် မန္တလေးက စာရေးဆရာဆူးငှက်က ကောင်းတဲ့လုပ်ရပ်လို့ ခုလို ပြောပါတယ်။

    “ဘယ်အရာမဆို အဖြစ်မှန်တိုင်းဖော်ထုတ်နိုင်တာ ကောင်းပါတယ်။ လူမျိုးစွဲ ဘာသာစွဲမဟုတ်ဘဲ ဒီနေရာဟာ ထိုင်းဘုရင်အုတ်ဂူမှန်တယ်၊ ဒါအထောက်အထားတွေနဲ့ ကျနော်တို့ ဆရာတော် ရွှေကိုင်းသားရေးခဲ့သလိုပါပဲ သမိုင်းကိုမျိုးချစ်စိတ်အမြင်နဲ့ ဖျက်ပစ်တာမျိုးတွေပေါ့။ နန်းတွင်းထဲမှာ အရင်က ပါတော်မူကျောက်တိုင်ဆိုတာ ရှိခဲ့ဖူးတယ်။ နောက် လွတ်လပ်ရေးရလာတော့ ဒါကြီးဟာ အတိတ်နိမိတ်မရှိဘူးဆိုပြီး ဖျက်ပစ်ကြတော့ ဆုံးရှူံးသွားခဲ့ရတယ်။ ဘယ်အရာမဆို သမိုင်းအဖြစ်မှန် မှတ်တမ်းအတိအကျ အမှန်အကန်ဖော်ထုတ်နိုင်ရင်တော့ အားလုံးကောင်းပါတယ်။”

အခု သုတေသနပြုဖော်ထုတ်ချက်အရ ထိုင်းဘုရင်အုတ်ဂူဖြစ်ကြောင်း တွေ့ရှိခဲ့ရင်လဲ ထိုင်းဘက်ကို  ပြန်လည် တူးဖော်ယူဆောင်သွားဖို့ အစီအစဉ်မရှိဘူးလို့ ထိုင်းသုတေသနအဖွဲ့ ခေါင်းဆောင်ဖြစ်သူက ဒီနေ့ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

၁၈ ရာစုအတွင်း ကုန်းဘောင်မင်းဆက် တတိယမြောက်မင်း ဆင်ဖြူရှင် မင်းတရားကြီးလက်ထက် ထိုင်းနိုင်ငံ အယုဒ္ဓယကို တိုက်ပြီး အောင်နိုင်တော်မူတုန်းက ထိုင်းဘုရင်ကျောက်ဘွားဒေါက် ကို စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်ခဲ့ရာက မန္တလေးမှာပဲ ရဟန်းဝတ်နဲ့ ပျံလွန်တော်မူခဲ့တာလို့ မောင်သန်းဆွေ(ထားဝယ်)ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြ ဖူးပါတယ်။မန္တလေးတိုင်း အမရပူရမြို့နယ် လင်းဇင်းကုန်းသုသာန်ရှိ အုတ်ဂူ ၂ ခုဟာ ထိုင်းဘုရင် အုတ်ဂူ ဟုတ်၊ မဟုတ် ဖော်ထုတ်ဖို့ ထိုင်းသုတေသနပညာရှင်အဖွဲ့ဟာ ဒီနေ့ပဲ လုပ်ငန်းစတင်နေပြီလို့ စုံစမ်း သိရှိရပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ ဆက်သွယ်ပြီး ထိုင်းဘုရင်အုတ်ဂူ သုတေသနပြုဖို့ လုပ်ဆောင်ကြတာလို့ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးသက်နိုင်ထွန်းက ပြောပါတယ်။

“သူက အရင် delegation သဘောမျိုးလာပြီးတော့မှ ထိုင်းအစိုးရ ဆက်သွယ်ပြီး အစိုးရ အစိုးရချင်း ဆက်သွယ်လုပ်တဲ့ သဘောမျိုးပါ။ ကျနော်တို့က လုပ်ငန်းပိုင်းဆိုင်ရာ ၀ိုင်းကူတဲ့သဘောပါ။”

ထိုင်းသုတေသနပညာရှင် အယောက်၂၀ လောက်ပါဝင်တဲ့အဖွဲ့ ဒီမနက်ပိုင်း သုတေသန လုပ်ငန်း စတင် လုပ်ဆောင်နေကြပုံကို သွားရောက်လေ့လာကြည့်ရှုခဲ့တဲ့ အမရပူရမြို့က ကိုငြိမ်းဝင်းက အခုလို ပြောပါတယ်။

“သူတို့ တအုပ်စုကတော့ တံခွန်တိုင်လိုမျိုး ဘုရားနားလေးမှာ ဆွေးနွေးနေတယ်။ ဒီဘက်မှာ ၁ ယောက်ကတော့ လိုဏ်ခေါင်းဖောက်တာကို ၀င်ကြည့်နေတယ်။ မနက်ဖြန် survey လုပ်မှာကို သူတို့က အကြမ်းအားဖြင့်ပြောတာကတော့ ဒီအုတ်ဂူကို အလယ်ကနေ ဖောက်ဝင်ဖို့များတယ်။ ဘေးက၀င်ရင်ပြိုသွားမယ်လို့ သူတို့ပညာရှင်က ပြောတယ်။ ဘေးက သံဖရိန်တွေနဲ့ပတ်ပြီး အလယ်ကနေ ကရိန်းနဲ့ ဖောက်ဝင်မှာ။ နောက် တံခွန်တိုင်လို၊ စေတီပုံစံမျိုးက ဘေးကနေ သူတို့ကဖောက်လိုက်မှာ၊ ပြီးရင် စက်ကိရိယာနဲ့ စမ်းသပ်မယ့်သဘောရှိတယ်။”

ထိုင်းသုတေသနအဖွဲ့ဟာ လင်းဇင်းသုသာန်မှာ ၁ လခွဲလောက် အချိန်ယူပြီး သုတေသန လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အမရပူရမြို့ လင်းဇင်းသုသာန်မှာ ရှိတဲ့အုတ်ဂူဟာ ထိုင်းဘုရင်အုတ်ဂူ ဟုတ်၊ မဟုတ်ကို အသေအချာ သုတေသနပြုခဲ့ကြတာ မရှိခဲ့ဖူးဘဲ အခု ထိုင်းဘက်က လာရောက် သုတေသနပြုတာဟာ ပထမဆုံး ဖြစ်ပါတယ်။

အခုလို ထိုင်းသုတေသနပညာရှင်အဖွဲ့ လာရောက်သုတေသနပြု ဖော်ထုတ်တဲ့လုပ်ငန်း လုပ်ဆောင်မှုအပေါ် မန္တလေးက စာရေးဆရာဆူးငှက်က ကောင်းတဲ့လုပ်ရပ်လို့ ခုလို ပြောပါတယ်။

“ဘယ်အရာမဆို အဖြစ်မှန်တိုင်းဖော်ထုတ်နိုင်တာ ကောင်းပါတယ်။ လူမျိုးစွဲ ဘာသာစွဲမဟုတ်ဘဲ ဒီနေရာဟာ ထိုင်းဘုရင်အုတ်ဂူမှန်တယ်၊ ဒါအထောက်အထားတွေနဲ့ ကျနော်တို့ ဆရာတော် ရွှေကိုင်းသားရေးခဲ့သလိုပါပဲ သမိုင်းကိုမျိုးချစ်စိတ်အမြင်နဲ့ ဖျက်ပစ်တာမျိုးတွေပေါ့။ နန်းတွင်းထဲမှာ အရင်က ပါတော်မူကျောက်တိုင်ဆိုတာ ရှိခဲ့ဖူးတယ်။ နောက် လွတ်လပ်ရေးရလာတော့ ဒါကြီးဟာ အတိတ်နိမိတ်မရှိဘူးဆိုပြီး ဖျက်ပစ်ကြတော့ ဆုံးရှူံးသွားခဲ့ရတယ်။ ဘယ်အရာမဆို သမိုင်းအဖြစ်မှန် မှတ်တမ်းအတိအကျ အမှန်အကန်ဖော်ထုတ်နိုင်ရင်တော့ အားလုံးကောင်းပါတယ်။”

အခု သုတေသနပြုဖော်ထုတ်ချက်အရ ထိုင်းဘုရင်အုတ်ဂူဖြစ်ကြောင်း တွေ့ရှိခဲ့ရင်လဲ ထိုင်းဘက်ကို ပြန်လည် တူးဖော်ယူဆောင်သွားဖို့ အစီအစဉ်မရှိဘူးလို့ ထိုင်းသုတေသနအဖွဲ့ ခေါင်းဆောင်ဖြစ်သူက ဒီနေ့ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

၁၈ ရာစုအတွင်း ကုန်းဘောင်မင်းဆက် တတိယမြောက်မင်း ဆင်ဖြူရှင် မင်းတရားကြီးလက်ထက် ထိုင်းနိုင်ငံ အယုဒ္ဓယကို တိုက်ပြီး အောင်နိုင်တော်မူတုန်းက ထိုင်းဘုရင်ကျောက်ဘွားဒေါက် ကို စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်ခဲ့ရာက မန္တလေးမှာပဲ ရဟန်းဝတ်နဲ့ ပျံလွန်တော်မူခဲ့တာလို့ မောင်သန်းဆွေ(ထားဝယ်)ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြ ဖူးပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...