ဧဒင်အချစ်ပုံပြင်: တစ်ချိန်တုန်းက McDonald's

Wednesday 27 February 2013

တစ်ချိန်တုန်းက McDonald's


Richard McDonald နဲ့ Maurice McDonald ဆိုတာ အမေရိကန်နိုင်ငံ၊ New Hampshire ပြည်နယ်က ဆင်းရဲသား ညီအစ်ကို နှစ်ဦး ဖြစ်ပါတယ်။

ဘဝရပ်တည်ဖို့ အလုပ်တွေလုပ်ရင်းတော့ တစ်နေ့တော့ ဟမ်ဘာဂါဆိုင်လေး တစ်ခု ဖွင့်ဖို့ အကြံရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ San Bernardino မြို့  ငယ်လေးမှာ McDonald's အမည်နဲ့ ဟမ်ဘာဂါဆိုင်လေး စဖွင့်ပါတယ်။ အဲ့တုန်းက ၁၉၄၀ ခုနှစ်သာ ရှိသေးပြီး ဟမ်ဘာဂါ တစ်လုံးကို ၁၅ ဆံ့နဲ့ စရောင်းပါတယ်။

ဈေးနှုန်းသင့်တင့်၊ မှုန့်အရသာလည်း ကောင်းတော့ နေ့ချင်းညချင်း စားသုံးသူ များပြားလာပြီး အာလူးကြော်၊ ကြက်သားကြော်နဲ့ အခြား Fast Food မျိုးစုံကိုပါ လုပ်လာပါတယ်။ နောက်တော့ ကယ်လီဖိုးနီးယားမှာတင် မဟုတ်တော့ပဲ အမေရိကန်တစ်ဝန်းကို ချဲ့ ထွင်ပါတယ်။ နောက်တော့ အမေရိကန်တိုက်၊ ဥရောပတိုက်၊ အာရှတိုက်၊ သြစတေးလျ၊ အာဖရိက အစရှိသဖြင့် ကမ္ဘာအနှံ့ မှာ ဆိုင်ခွဲတွေ လိုက်ဖွင့်လိုက်တာ ယနေ့မှာ နိုင်ငံ ပေါင်း ၁၂၀ ဝန်းကျင် မှာ သူ့ဆိုင်ခွဲ၊ လုပ်ငန်းခွဲတွေ ရှိသွားပါတယ်။ တစ်နှစ်တစ်နှစ် McDonald's ရဲ့  ဝင်ငွေဟာ ဘီလျံ နဲ့ ချီပြီး စားသုံးသူ Customer က သန်း ၇၀ မက ရှိနေပါတယ်။

တည်ထောင်သူ ညီအစ်ကို နှစ်ဦးလုံးကတော့ ကွယ်လွန်သွားပြီ။ သို့ပေမယ့် သူတို့ တည်ထောင်ခဲ့တဲ့ Fast Food စားသုံးကုန် ကွန်ရက်ကြီးက အင်ပါယာ ဖြစ်နေပါပြီ။ ကမ္ဘာမှာ McDonald's ရဲ့  ဟမ်ဘာသာ၊ ကြက်ကြော်၊ အာလူးချောင်းတို့ ဆိုရင် မသိသူ မရှိပါဘူး။ တစ်ချိန်က လမ်းထောင့်မှာ ဟမ်ဘာဂါဆိုင်လေး ဖွင့်ခဲ့ဖူးတဲ့ McDonald ဟာ ယနေ့မှာ လူအများ လေးစားရတဲ့ စီးပွားရေး လုပ်ငန်းကြီး တစ်ခု ဖြစ်နေပြီ ဖြစ်ပြီး အခြားနိုင်ငံများသို့လည်း လုပ်ငန်းများ ချဲ့ ထွင်ဆဲ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...