ဧဒင်အချစ်ပုံပြင်: ပြည်မြို့တွင် လိုင်စင်မဲ့ TOYOTA COROLLA SOLLON ကားတစ်စီး ဖမ်းဆီးရမိ

Thursday 7 February 2013

ပြည်မြို့တွင် လိုင်စင်မဲ့ TOYOTA COROLLA SOLLON ကားတစ်စီး ဖမ်းဆီးရမိ



ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့၊  ကျောင်းကြီးအိုးတန်းရပ်ကွက်၊ဆွေး နွေးဘုရားလမ်း၊ဦးဘစိန် နေအိမ်  အနီး၌ ဇန်န၀ါရီ ၂၄ရက် ညနေ (၄)နာရီတွင် လိုင်စင်မဲ့ဆလွန်းကား  (၁)စီး ဖမ်းဆီးရမိကြောင်း သတင်း  ရရှိသည်။ ပြည်မြို့၊ကျောင်းကြီး  အိုးတန်းရပ်ကွက်၊ဆွေးနွေးဘုရား   လမ်း၊ဦးဘစိန်နေအိမ်အနီးတွင် လိုင်စင်မဲ့ဆလွန်းကား(၁)စီးရပ်ထား ကြောင်း သတင်းရရှိသဖြင့် ယာဉ်  ထိန်းရဲတပ်ဖွဲ့ကျောင်းကြီးအိုးတန်း ရပ်ကွက်အုပ်ချုပ်ရေးနှင့်ပြည်(၁) စခန်းမှူးတို့ သွားရောက်စစ်ဆေး   ဆောင်ရွက်ခဲ့ရာ ဦးဘစိန်(၄၉)နှစ်  ထံမှ ၅ဂ/နံပါတ်တပ်ဆင်  ထားသောTOYOTA COROLLA  SOLLON (နီညိုရောင်)      
ဓာတ်ဆီကား(၁)စီးကို တွေ့ရှိရပြီး    ၎င်းက ယာဉ်နှင့်ပတ်သက်သော  ယာဉ်မှတ်ပုံတင်နှင့်ခိုင်လုံသည့်   အထောက်အထားစာရွက်စာတမ်း  များကို ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်  မဲ့ယာဉ်လက်ဝယ်ထားရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟုသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်  ၍ လိုင်စင်မဲ့မော်တော်ယာဉ်အား   လက်ဝယ်ထားရှိသူ ဦးဘစိန်အား  ဥပဒေအရ အရေးယူဆောင်ရွက်   နိုင်ရေးအတွက် ပြည်(၁)ရဲစခန်း  က(ပ)၃၀/၂၀၁၃၊ပို့ကုန်/သွင်းကုန်    ဥပဒေပုဒ်မ ၈/၁၀ဖြင့် အမှုဖွင့်  အရေးယူဆောင်ရွက်ခဲ့ပြီး မော် တော်ယာဉ်လက်ဝယ်ထားရှိသူ ဦးဘစိန်အား ဖမ်းဆီးစစ်ဆေး ဆောင်ရွက်နေကြောင်းသတင်းရရှိ  သည်။

သန်းထွဋ်၊မိုးမခ(ပြည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...