ဧဒင်အချစ်ပုံပြင်: သွေးဖြင့် လူ ၂ သန်း ကယ်ခဲ့သူ

Thursday 7 February 2013

သွေးဖြင့် လူ ၂ သန်း ကယ်ခဲ့သူ



တကယ် လူဦးရေ ၂ သန်း ပြည့်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ James Harrison အမည်ရ သြစတေးလျ သွေး အလှူရှင် တစ်ဦး ဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်ဖွား အမျိုးသား ဖြစ်ပါတယ်။

အသက် ၁၃ နှစ်သားက ရောဂါတစ်မျိုးကြောင့် ခွဲစိတ်ခန်းဝင်ရပြီး သွေး ၁၃ ပုလင်းသွင်းခဲ့ရပါတယ်။ ဒါကြောင့် သူဟာ သွေးရဲ့  အရေးကြီးပုံကို သဘောပေါက်သွားပြီး အသက် ၁၈ နှစ်သားကစလို့ သွေးလှူဒါန်းခြင်း အလှူကို အားသွန်ခွန်ဆိုက် ပြုလုပ်ပါတော့တယ်။ ဒီမှာ ထူးထူးခြားခြား တစ်ခု တွေ့ရှိပါတယ်။

ဒါကတော့ James ရဲ့  သွေးရည်ကြည် ဟာ ကိုယ်ဝန်ဆောင်မိခင်များကို ကလေး မမွေးဖွားနိုင်အောင် ကိုယ်ဝန်ပျက်ကျစေတဲ့ Rh disease ကို နှိမ်နှင်း နိုင်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာမှာ ရှားရှားပါးပါး သူတစ်ယောက် ကိုပဲ တွေ့ရှိရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် James ရဲ့  အသက်ကို အမေရိကန်ဒေါ်လာ ၁ သန်း နဲ့ အာမခံပေးပါတယ်။ ပြီးတော့ သူကိုယ်တိုင် ကလည်း Rh disease ရှိသူ ကိုယ်ဝန်ဆောင်မိခင်တိုင်းကို လှူဒါန်းပါတယ်။

သူက သွေးရည်ကြည်ဓာတ်တစ်မျိုး ထုတ်တာဆိုတော့ ပုံမှန် သွေးလှူနေ သလို အများကြီးလှူစရာ မလိုအပ်ပါဘူး။ ဒါကြောင့် ၂ ရက်၊ ၃ ရက်ခြား တစ်ကြိမ် ပုံမှန် လှူဒါန်းရပါတယ်။ အမြဲတမ်း သွေး ထုတ် နေရသလို ပဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ အကြိမ် ၁ထောင်မြောက် စံချိန် ချိုးသွားပြီး သူကယ်ခဲ့တဲ့ ကလေးငယ် ဦးရေက ၂ သန်းကျော်ပါတယ်။ ကလေး ငယ် ၂ သန်းကျော်လုံးရဲ့  အသက်ကို သူသွေးနဲ့ ကယ်ခဲ့သူ ဆိုတော့ ဘယ်သူမှ မလေးစားပဲ မနေပါဘူး။

သူ့အလုပ်ဟာလည်း သွေးလှူတဲ့ ဖြစ်သွားရပါတယ်။ သြစတေးလျနိုင်ငံရဲ့  စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အသတ်မှတ်ခံရပြီး သွေးလှူခြင်းနဲ့ ပက်သက်လို့ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ပရဟိတ အဖွဲ့အစည်းများ ဖွဲ့ပါတယ်။ အမေရိကန်တို့ မှ လာရောက်ဆက်သွယ်ရသည်အထိ ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး ယနေ့တိုင်လည်း သွေးလှူနေ ဆဲ ဖြစ်ပါတယ်။
--
Ref: wiki
Aung Kham (TSJ team)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...