
သူထုတ်ပေးတဲ့ ယာဉ်များကို အသုံးပြုနေဆဲလို့ ဆိုပါတယ်။ သမ္မတ ပူတင်တစ်ယောက်လည်း Mercedes Benz စီးချင်ပုံမရတဲ့ မျက်နှာပေးတဲ့ အခမ်းအနားတွေ လာတယ်လို့တောင် မီဒီယာတို့က ဖွထားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သမ္မတ တစ်ယောက် အနေနဲ့ ကတော့ ပြည်တွင်းဖြစ်ကို အားပေးချင်တာတော့ အမှန်ပါပဲ။ ဒါကြောင့်မို့ ၂၀၁၅ မတိုင်မှီမှာ Zil မှ သမ္မတ မော်တော်ယာဉ်များ ဆက်လက်ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယနေ့အချိန်အထိ အသုံးပြုဆဲ ဖြစ်တဲ့ ရုရှား Zil Limo ကိုမိတ်ဆက်ပေးလိုက်ရပါတယ်။ အင်ဂျင်အရွယ်အစား - ၇၇၀၀ စီစီ ဆလင်ဒါ - ၈လုံးပူး V အင်ဂျင် မြင်းကောင်ရေအား - ၄၀၀ hp Max. Speed - တစ်နာရီ ကီလိုမီတာ ၂၀၀ အလေးချိန် - ၄ တန် အလေးချိန် များရခြင်းက ဒီလိုပါ။ လုံခြုံရေးကို အဓိက ဦးစားပေးတဲ့ကား ဖြစ်ပါတယ်။ ဒါကြောင့် ကားပတ်ပတ်လည်မှာ ခြံရံထားတဲ့ လုံခြုံရေး ပစ္စည်း၊ သတ္တုတွေနဲ့တင် အလေးချိန် တော်တော်များနေရခြင်း ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကြီးပြီး၊ ဆီလည်းတော်တော်စား တဲ့ကား လို့ဆိုပါတယ်။



No comments:
Post a Comment