ဧဒင်အချစ်ပုံပြင်: စားပွဲတင်တင်းနစ် အားကစားနည်းနှင့်ဟိန်းဝေယံတို့ မောင်နှမ (5 photos)

Monday 25 March 2013

စားပွဲတင်တင်းနစ် အားကစားနည်းနှင့်ဟိန်းဝေယံတို့ မောင်နှမ (5 photos)


အခုတစ်ပတ် ပေါ်ပြူလာဂျာ နယ် ဆီးဂိမ်းလှုံ့ဆော်ရေးကဏ္ဍမှာ တော့ စားပွဲတင်တင်း
နစ် အားကစား နည်းကို အနုပညာရှင် ဟိန်းဝေယံနဲ့ စွဲညှို့ ရှင်တို့မောင်နှမနဲ့ ရန်ကုန်မြို့ Indonesian International School Yangon (IISY) ကျောင်း မှာ စီစဉ်ရိုက်ကူးဖြစ်
ခဲ့ပါတယ်။ နိုင်ငံအတွက် ဂုဏ်ေ ဆာင်မယ့် ဆီးဂိမ်းမှာ တစ်ထောင့်တစ်နေရာက နေပါဝင် ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ဆိုလာသူ ဟိန်းဝေယံက “ဆီးဂိမ်းပြိုင်ပွဲ က နိုင် ငံအတွက်ဂုဏ်လည်းတက်သလို အကျိုးအမြတ်တွေလည်းရှိစေတဲ့ အတွက် တအားကောင်း တဲ့ပြိုင်ပွဲ

တစ်ခုလို့ ခံစားမိပါ တယ်။နိုင်ငံ သား တစ်ေ ယာက် အနေ နဲ့ လည်း ဂုဏ် ယူ မိ ပါတယ်” လို့ပြောပြပါတယ်။

ဟိန်းဝေယံ က ဆီးဂိမ်းအပေါ် သူ့ရဲ့မျှော်လင့်ချက် တွေကို “နိုင်ငံအနေနဲ့ စခံစားရ မှာက ဂုဏ်ပေါ့။ စီးပွားရေးအကျိုးအမြတ် တွေလည်းရမယ်။ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး စတဲ့အကျိုးအမြတ်တွေ ကို အိမ်ရှင်အနေနဲ့ အများကြီး ရမယ် လို့ထင်ပါတယ်။

နိုင်ငံခြားသားတွေ ဆီးဂိမ်းကျရင် ဒီကိုပိုဝင်လာပြီး မြန် မာနိုင်ငံက အထင်ကရနေရာတွေ၊ တန်ဖိုးဖြတ်လို့မရတဲ့ အလှတ ရားတွေ ကိုပိုသိသွားမယ်။ ဒီပြိုင်ပွဲကြီးကြောင့် မြန်မာဆိုတာ ပိုထင်ရှားလာမယ်လို့ ထင်ပါတယ်” လို့ပြောပါတယ်။

ပြည် သူချစ်တဲ့ အနုပညာရှင်ေ တွဖြစ်တဲ့ အတွက် အနုပညာရှင်တွေရဲ့ လှုံ့ ဆော်နိုင်စွမ်း
က ပရိသတ်ကို ဘယ် လို အကျိုးသက်ရောက်မှုရှိမလဲလို့ မေးကြည့်တော့ “အနုပညာရှင်
တွေဆိုတာ ပရိသတ်တွေလက်ခံထား တဲ့၊ ပရိသတ်ချစ်တဲ့သူတွေဖြစ်တယ်။ အဲဒီတော့ သူတို့ချစ်တဲ့ အနုပညာ ရှင်တစ်ယောက်ပြောတာက ပရိသ တ် တွေအတွက် တခြား
သာမန်လူတွေ ထက်စာရင် ပိုပြီးသက်ရောက်မှုရှိနိုင် တယ်။

အနုပညာဆိုတာကလည်း အမျိုးသားရေး၊ နိုင်ငံ့အရေးမှာ ပါဝင် တယ်လို့ ကျွန်တော်မြင်ပါ
တယ်” လို့ ဟိန်းဝေယံကပြောပြပါတယ်။

ဟိန်းဝေယံက ဆီးဂိမ်းပြိုင် ပွဲဝင်မယ့် မြန်မာအားကစား အသင်းတွေကို ကိုယ်တိုင် ကိုယ်ကျကွင်းထဲမှာ အား မပေးဖြစ်ခဲ့ရင် တောင် ရုပ် သံကတစ် ဆင့် အား ပေးမှာ
ဖြစ်ကြောင်း ဆက်ပြော ပြပါတယ်။စားပွဲတင်တင်းနစ် ကစားနည်းမှာပါဝင်သရုပ်
ဆောင်ခဲ့တဲ့ ဟိန်းဝေယံရဲ့ညီမဖြစ်သူ စွဲညှို့ရှင် ကလည်း “ဝမ်းသာမိသလို တအား
လည်း ပျော်မိပါတယ်။

ကိုယ့်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် ကိုယ့် အနုပညာနဲ့ တစ်နေရာကပါဝင်ခွင့်ရတာကိုဂုဏ် ယူမိပါတယ်” လို့ပြောပြပါတယ်။ဝါသနာပါတဲ့အားကစား
နည်းတွေအကြောင်းနဲ့ သူ့ရဲ့ ငယ် ဘဝအားကစား အကြောင်းကို စွဲညှို့ရှင်က “ငယ်ငယ်က
တည်းကအားကစားကို အများကြီး လုပ်ချင်တာ။ ဝါသနာပါတဲ့ အားကစား နည်းတွေက
လည်း ယောက်ျားေ လး တွေလိုဘောလုံးကန်တာတို့၊ ဝူရှူးတို့၊ ရေကူးတို့စတဲ့ ဟာကြီးတွေပဲ။

အိမ်က မလုပ်ရဘူး ဆိုတော့မလုပ်ဖြစ်တော့ပါဘူး”လို့ ပြောပါ တယ်။ဆီးဂိ မ်းဖွင့် ပွဲတွေကိုလည်း ကိုယ်တိုင် ကွင်းထဲသွားပြီး အားပေး ချင်ကြောင်း၊ ပရိသတ် တွေ
အများကြီးနဲ့ အားပေးစေချင် ကြောင်း စွဲညှို့ရှင်က ပြောပါ တယ်။ ဆီးဂိမ်း ပြိုင်ပွဲ
ဝင်မယ့် အားကစား သမားတွေအတွက် အားပေး စကားကို “မြန်မာနိုင်ငံ ကိုယ်စား
ပြု အားကစားသမားတွေ၊ အသင်းတွေ အကုန်လုံးအနိုင်ရစေချင်တယ်”လို့ စွဲညှို့ရှင် က ပြောပြခဲ့ပါတယ်။

သီဟ
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...