AFC Challenge Cup ခြေစစ်ပွဲ တွင်
မြန်မာ့လက်ရွေးစင်အသင်းက ဂူအမ်အသင်းကို (၅-၀) ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
တိုက်စစ်ပျောက်ဆုံးနေတဲ့ မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ စိုးမင်းဦး၊
ကြည်လင်း(ပင်နယ်တီ)၊ ပြည့်ဖြိုးအောင်တို့က ပထမပိုင်းတွင်သွင်းယူပြီး၊ ဒုတိယပိုင်းမှာ
ပိုင်စိုးနဲ့ အသင်းခေါင်းဆောင်ကျော်ဇေယျာဝင်းတို့က အသီးသီးသွင်းယူခဲ့တာပါ။
ဒီနေ့ပွဲမှာတော့ ထူးခြားတဲ့အစီအစဉ်အနေနဲ့ မြန်မာဘောလုံးပရိသတ်တွေအတွက်
ကံစမ်းမဲဖောက်ပေးတဲ့ အစီအစဉ်ကို
ပထမပိုင်းအပြီးမှာထည့်သွင်းကျင်းပခဲ့ပြီး
ပထမဆုံး မြန်မာ့ဘောလုံးသံတမန်အဖြစ် ဆောင်ရွက်နေတဲ့ နန်းခင်ဇေယျာနဲ့
ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး တို့က ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာက
ဂိုးတွေမရတာကြာတော့ သူဝင်လာတဲ့အချိန်မှာ
လက်ခုပ်တီးပြီးတောင်ကြိုဆိုကြတာနဲ့တူတယ်လို့ ဟာသအနေနဲ့ပြောကြားပြီး
ကစားသမားတွေက သူညွှန်ကြားတဲ့အတိုင်းကစားသွားကြပါတယ်လို့ပြောကြားခဲ့ပါတယ်။
နောက်ပွဲတွေရလဒ်ကိုတော့ မှန်းလို့မရသေးပါဘူး ဒါပေမယ့် နောက်ပွဲတွေမှာလဲ
ကျေနပ်စရာရလဒ်ဖြစ်လာမှာပါ။ နောက်ပြီး အခုအသင်းက သူကိုင်တွယ်ခဲ့တဲ့ U 22
အသင်းနဲ့ လက်ရွေးစင်အသင်းတွေထဲကနေ လူရွေးပြီး
စနစ်တကျပြန်လည်ဖွဲ့စည်းထားတဲ့အတွက်
အခုလိုရလဒ်ကောင်းတွေထွက်လာတာလို့ပြောကြားခဲ့ပါတယ်။ (ဖိုးကျော်+သူရိန်)from-DVB
No comments:
Post a Comment