ဧဒင်အချစ်ပုံပြင်: တရုတ်နိုင်ငံတွင် ရောဂါပိုး ပါဝင်နေသော ဝက်သားများကို ရောင်းချခဲ့သူ ၄၆ ဦးအား ပြစ်ဒဏ်ချမှတ်

Friday 15 March 2013

တရုတ်နိုင်ငံတွင် ရောဂါပိုး ပါဝင်နေသော ဝက်သားများကို ရောင်းချခဲ့သူ ၄၆ ဦးအား ပြစ်ဒဏ်ချမှတ်


Photo: တရုတ်နိုင်ငံတွင် ရောဂါပိုး ပါဝင်နေသော ဝက်သားများကို ရောင်းချခဲ့သူ ၄၆ ဦးအား ပြစ်ဒဏ်ချမှတ်

တရုတ် နိုင်ငံတွင် ရောဂါပိုး ကူးစက်ခံ ထားရသည့် ဝက်များမှ အသားများကို ရောင်းချခြင်းနှင့် ပြုပြင် စီမံရာတွင် ပါဝင်ခဲ့သည့် ဒေသခံ ၄၆ ဦးကို နိုင်ငံ အရှေ့ပိုင်း
ကျီကျန်းပြည်နယ် တရားရုံးက မတ် ၁၃ ရက် တွင်  ထောင်ဒဏ် ခြောက်လမှ ခြောက်နှစ်ခွဲခန့် အထိ ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် မတ် ၁၃ ရက်က ဖော်ပြ ထားသည်။

ရောဂါပိုး ကူးစက်ခံ ထားရသည့် အဆိုပါ ဝက်များကို တရားမဝင် ဝယ်ယူ သတ်ဖြတ်၍ ရောင်းချခဲ့သော အဓိက တရားခံ ကျန်းရှင်းပင်းအား ထောင် ဒဏ် ခြောက်နှစ်ခွဲ ပြစ်ဒဏ် ကျခံရန်နှင့် ဒဏ်ငွေ ယွမ် ၈ဝဝဝဝဝ ပေးဆောင်ရန် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဝမ်လင်း ပြည်သူ့ တရားရုံး ၏ ပြောကြားချက်များ အရ သိရသည်။

ကျန်းထံသို့ ရောဂါဖြစ်နေသော ဝက်များကို ရောင်းချခဲ့သည့် အခြား ၄၅ ဦးနှင့် ဒေသတွင်းရှိ ဈေးသည်များ ကိုလည်း တရားရုံးက မတ် ၁၃ ရက်တွင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ၎င်းတို့သည် ရောဂါ ဖြစ်ပွားနေသော ဝက်များကို တရားမဝင် ဝယ်ယူ သတ်ဖြတ် ရောင်းချခဲ့ပြီး ရောဂါပိုးများ ပါဝင်သော ဝက်သားများကို ၂ဝ၁ဝ မှ ၂ဝ၁၂  အထိ ရောင်းချနိုင်ရန် ပြုပြင် စီမံခဲ့သည်ဟု သိရသည်။

အဆိုပါ အမှုတွင် ပါဝင်ခဲ့သည့် တရားခံများကို ဖမ်းဆီးရန် ဝမ်လင်းမြို့ရှိ ပြည်သူ့ လုံခြုံရေး ဌာနက စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရေရှည်ခံစေရန် စီမံထားသည့် ရောဂါပိုး ပါဝင်သော ဝက်သား ၆၂၁၈ ကီလိုဂရမ်ကို သိမ်းဆည်း ရမိခဲ့ပြီး ယင်းဝက်သားများကို ဖျက်ဆီးမည် ဖြစ်ကြောင်း တရားရုံးက ထပ်မံ ပြောကြားခဲ့သည်။တရုတ် နိုင်ငံတွင် ရောဂါပိုး ကူးစက်ခံ ထားရသည့် ဝက်များမှ အသားများကို ရောင်းချခြင်းနှင့် ပြုပြင် စီမံရာတွင် ပါဝင်ခဲ့သည့် ဒေသခံ ၄၆ ဦးကို နိုင်ငံ အရှေ့ပိုင်း
ကျီကျန်းပြည်နယ် တရားရုံးက မတ် ၁၃ ရက် တွင် ထောင်ဒဏ် ခြောက်လမှ ခြောက်နှစ်ခွဲခန့် အထိ ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် မတ် ၁၃ ရက်က ဖော်ပြ ထားသည်။

ရောဂါပိုး ကူးစက်ခံ ထားရသည့် အဆိုပါ ဝက်များကို တရားမဝင် ဝယ်ယူ သတ်ဖြတ်၍ ရောင်းချခဲ့သော အဓိက တရားခံ ကျန်းရှင်းပင်းအား ထောင် ဒဏ် ခြောက်နှစ်ခွဲ ပြစ်ဒဏ် ကျခံရန်နှင့် ဒဏ်ငွေ ယွမ် ၈ဝဝဝဝဝ ပေးဆောင်ရန် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဝမ်လင်း ပြည်သူ့ တရားရုံး ၏ ပြောကြားချက်များ အရ သိရသည်။

ကျန်းထံသို့ ရောဂါဖြစ်နေသော ဝက်များကို ရောင်းချခဲ့သည့် အခြား ၄၅ ဦးနှင့် ဒေသတွင်းရှိ ဈေးသည်များ ကိုလည်း တရားရုံးက မတ် ၁၃ ရက်တွင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ၎င်းတို့သည် ရောဂါ ဖြစ်ပွားနေသော ဝက်များကို တရားမဝင် ဝယ်ယူ သတ်ဖြတ် ရောင်းချခဲ့ပြီး ရောဂါပိုးများ ပါဝင်သော ဝက်သားများကို ၂ဝ၁ဝ မှ ၂ဝ၁၂ အထိ ရောင်းချနိုင်ရန် ပြုပြင် စီမံခဲ့သည်ဟု သိရသည်။

အဆိုပါ အမှုတွင် ပါဝင်ခဲ့သည့် တရားခံများကို ဖမ်းဆီးရန် ဝမ်လင်းမြို့ရှိ ပြည်သူ့ လုံခြုံရေး ဌာနက စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရေရှည်ခံစေရန် စီမံထားသည့် ရောဂါပိုး ပါဝင်သော ဝက်သား ၆၂၁၈ ကီလိုဂရမ်ကို သိမ်းဆည်း ရမိခဲ့ပြီး ယင်းဝက်သားများကို ဖျက်ဆီးမည် ဖြစ်ကြောင်း တရားရုံးက ထပ်မံ ပြောကြားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...