ဧဒင်အချစ်ပုံပြင်: ရွှေပြည်သာ မြို့နယ်၌ ဘော်ဒါဆောင် မီးလောင်

Sunday 10 March 2013

ရွှေပြည်သာ မြို့နယ်၌ ဘော်ဒါဆောင် မီးလောင်


Photo: ရွှေပြည်သာ မြို့နယ်၌ ဘော်ဒါဆောင် မီးလောင်

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် အမှတ် (၂) ရပ်ကွက် မင်းလမ်းသွယ်နှင့် နွယ်သာဂီ လမ်းသွယ်ထောင့် အမှတ် (၂၉/၅၆) အလျားပေ ၆ဝ၊ အနံ ပေ ၆ဝ အခန်းပေါင်း ၂၈ ခန်းပါ ဧရာဝတီ အထည်ချုပ် စက်ရုံ ကုမ္ပဏီ၏ အမျိုးသမီး ၁၃၂ ဦး နေထိုင်လျက် ရှိသော သစ်သား၊ အုတ်ညှပ် နှစ်ထပ်တိုက် ဘော်ဒါဆောင်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါ နေ့တွင် ဒေါ်ခင်စောဝင်းသည် ခြင်ဆေးခွေ ထွန်းပြီး စက်ရုံသို့ ထွက်ခွာခဲ့ရာ ခြင်ဆေးခွေသည် ကြမ်းပြင်ကို မီးကူးဆက်ပြီး အဆောက်အအုံ တစ်ခုလုံး မီးလောင် ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်း မှုတွင် ဒေသခံ ပြည်သူများ၊ ရန်ကုန်မြောက်ပိုင်း ခရိုင်နှင့် နီးစပ်ရာ မြို့နယ် များမှ မီးသတ်တပ်ဖွဲ့ တို့သည် မီးသတ်ယာဉ် ၂၆ စီးနှင့် အခြားယာဉ်များ၊ သန္ဓေမီးသတ် ၈ဝ ဦး၊ အရန်မီးသတ် ၁ဝဝ ဦးတို့ဖြင့် စုပေါင်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် မီးထိန်း နိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲတွင် မီးလုံးဝ ငြှိမ်းသတ် နိုင်ခဲ့သည်။

ထိုသို့ မီးလောင်မှု ဖြစ်ပွားရာသို့ ရွှေပြည်သာ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင်မိုးနှင့် ဦးစီး မှူးများ၊ ခရိုင် မြို့နယ် အုပ်ချုပ် ရေးမှူးများ၊ ဧရာဝတီ အထည်ချုပ် စက်ရုံ ကုမ္ပဏီမှ တာဝန် ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ များက လိုအပ်သည်များ ကူညီဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် အမှတ် (၂) ရပ်ကွက် မင်းလမ်းသွယ်နှင့် နွယ်သာဂီ လမ်းသွယ်ထောင့် အမှတ် (၂၉/၅၆) အလျားပေ ၆ဝ၊ အနံ ပေ ၆ဝ အခန်းပေါင်း ၂၈ ခန်းပါ ဧရာဝတီ အထည်ချုပ် စက်ရုံ ကုမ္ပဏီ၏ အမျိုးသမီး ၁၃၂ ဦး နေထိုင်လျက် ရှိသော သစ်သား၊ အုတ်ညှပ် နှစ်ထပ်တိုက် ဘော်ဒါဆောင်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါ နေ့တွင် ဒေါ်ခင်စောဝင်းသည် ခြင်ဆေးခွေ ထွန်းပြီး စက်ရုံသို့ ထွက်ခွာခဲ့ရာ ခြင်ဆေးခွေသည် ကြမ်းပြင်ကို မီးကူးဆက်ပြီး အဆောက်အအုံ တစ်ခုလုံး မီးလောင် ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်း မှုတွင် ဒေသခံ ပြည်သူများ၊ ရန်ကုန်မြောက်ပိုင်း ခရိုင်နှင့် နီးစပ်ရာ မြို့နယ် များမှ မီးသတ်တပ်ဖွဲ့ တို့သည် မီးသတ်ယာဉ် ၂၆ စီးနှင့် အခြားယာဉ်များ၊ သန္ဓေမီးသတ် ၈ဝ ဦး၊ အရန်မီးသတ် ၁ဝဝ ဦးတို့ဖြင့် စုပေါင်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် မီးထိန်း နိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲတွင် မီးလုံးဝ ငြှိမ်းသတ် နိုင်ခဲ့သည်။

ထိုသို့ မီးလောင်မှု ဖြစ်ပွားရာသို့ ရွှေပြည်သာ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင်မိုးနှင့် ဦးစီး မှူးများ၊ ခရိုင် မြို့နယ် အုပ်ချုပ် ရေးမှူးများ၊ ဧရာဝတီ အထည်ချုပ် စက်ရုံ ကုမ္ပဏီမှ တာဝန် ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ များက လိုအပ်သည်များ ကူညီဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...