ဧဒင်အချစ်ပုံပြင်: မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Sunday 10 March 2013

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Photo: မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Sunday, March 10, 2013

၉-၃-၂ဝ၁၃ ရက်နေ့ ဝ၃ဝဝ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဗန်းမောက်မြို့နယ်၊ ဟဲချိန်ရွာ အနောက်ဘက် ၆ မိုင်ခန့်အကွာ နန့်ခါဥချောင်းဖျားရှိ (၅)မိုင်ကျေးရွာ ဟိုပင်မြို့နယ်ခွဲ မိုးညှင်းခရိုင် ကချင်ပြည်နယ်နေသူ စိုးသိန်း(၄ဝ)နှစ်၏ တဲအား ဝင်ရောက်ရှာဖွေခဲ့သည်။ 

ထိုသို့ရှာဖွေခဲ့ရာ ၄င်း၏ အိပ်ယာခေါင်းရင်းဘေးရှိ မြင်းချေးရောင်
ဂျင်းလွယ်အိတ်ထဲမှ ရောင်စုံဆပ်ပြာခွက် ၁၄ ခွက်အတွင်း ပလပ်စတစ် အိတ်ဖြင့်ထုပ်လျက်ဘိန်းဖြူဟုယူဆရသောအဖြူမှုန့်အလေးချိန်(၁၇၈.၉)ဂရမ်၊တန်ဘိုးငွေကျပ်(၁၇၈၉ဝဝဝဝိ/-)တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်စိုးသိန်းအား
ဗန်းမောက်ရဲစခန်း မယ(ပ)၆/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ
စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း သိရှိရသည်။

ထို့အပြင် အဆိုပါနေ့ ၁၅ဝဝ အချိန် ရှမ်းပြည်နယ်၊ နောင်ချိုမူးယစ်(အထူး)
အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့ မိုင်တိုင်အမှတ်(၇၈/၅)တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်
နေစဉ် လားရှိုးမှမန္တလေးသို့ ယာဉ်မောင်း မိုးကျော်မောင်းနှင်လာသည့်
ရွေမန်းမေခရီးသည်တင် ၁က/××××ယာဉ်အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ကောင်းဆာရပ်ကွက်၊ လားရှိုးမြို့နေသူ မချိုချိုဦး(၃၈)နှစ်၏ ခရီးဆောင်အိတ်အတွင်းမှ ရောင်စုံပလပ်စတစ်ဆပ်ပြာခွက်ဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသောအဖြူမှုန့် တစ်ခွက်လျှင် ၁၅ ဂရမ်ခန့်စီပါ ၇၇ ခွက်၊ အလေးချိန် (၁ဝ၈ဝ) ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂ဝ၅၂ဝဝဝဝိ/-)နှင့် တစ်ရပ်ကွက်တည်းနေ ဒေါ်ခင်အေး(၄၇)နှစ်၏ ပီနံအိတ်အတွင်းမှ
ရောင်စုံဆပ်ပြာခွက်နှင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသောအဖြူမှုန့် တစ်ခွက်လျှင် ၁၅ ဂရမ်ခန့်စီပါ ၆၆ ခွက်၊ အလေးချိန် (၉၉ဝ)ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၈၈၁ဝဝဝဝိ/-) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် တရားမဝင်မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ချိုချိုဦးနှင့် ခင်အေး တို့နှစ်ဦးအား နောင်ချိုရဲစခန်း မယ(ပ) ၆/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force၉-၃-၂ဝ၁၃ ရက်နေ့ ဝ၃ဝဝ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဗန်းမောက်မြို့နယ်၊ ဟဲချိန်ရွာ အနောက်ဘက် ၆ မိုင်ခန့်အကွာ နန့်ခါဥချောင်းဖျားရှိ (၅)မိုင်ကျေးရွာ ဟိုပင်မြို့နယ်ခွဲ မိုးညှင်းခရိုင် ကချင်ပြည်နယ်နေသူ စိုးသိန်း(၄ဝ)နှစ်၏ တဲအား ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေခဲ့ရာ ၄င်း၏ အိပ်ယာခေါင်းရင်းဘေးရှိ မြင်းချေးရောင်
ဂျင်းလွယ်အိတ်ထဲမှ ရောင်စုံဆပ်ပြာခွက် ၁၄ ခွက်အတွင်း ပလပ်စတစ် အိတ်ဖြင့်ထုပ်လျက်ဘိန်းဖြူဟုယူဆရသောအဖြူမှုန့်အလေးချိန်(၁၇၈.၉)ဂရမ်၊တန်ဘိုးငွေကျပ်(၁၇၈၉ဝဝဝဝိ/-)တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်စိုးသိန်းအား
ဗန်းမောက်ရဲစခန်း မယ(ပ)၆/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ
စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း သိရှိရသည်။

ထို့အပြင် အဆိုပါနေ့ ၁၅ဝဝ အချိန် ရှမ်းပြည်နယ်၊ နောင်ချိုမူးယစ်(အထူး)
အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့ မိုင်တိုင်အမှတ်(၇၈/၅)တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်
နေစဉ် လားရှိုးမှမန္တလေးသို့ ယာဉ်မောင်း မိုးကျော်မောင်းနှင်လာသည့်
ရွေမန်းမေခရီးသည်တင် ၁က/××××ယာဉ်အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ကောင်းဆာရပ်ကွက်၊ လားရှိုးမြို့နေသူ မချိုချိုဦး(၃၈)နှစ်၏ ခရီးဆောင်အိတ်အတွင်းမှ ရောင်စုံပလပ်စတစ်ဆပ်ပြာခွက်ဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသောအဖြူမှုန့် တစ်ခွက်လျှင် ၁၅ ဂရမ်ခန့်စီပါ ၇၇ ခွက်၊ အလေးချိန် (၁ဝ၈ဝ) ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂ဝ၅၂ဝဝဝဝိ/-)နှင့် တစ်ရပ်ကွက်တည်းနေ ဒေါ်ခင်အေး(၄၇)နှစ်၏ ပီနံအိတ်အတွင်းမှ
ရောင်စုံဆပ်ပြာခွက်နှင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသောအဖြူမှုန့် တစ်ခွက်လျှင် ၁၅ ဂရမ်ခန့်စီပါ ၆၆ ခွက်၊ အလေးချိန် (၉၉ဝ)ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၈၈၁ဝဝဝဝိ/-) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် တရားမဝင်မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ချိုချိုဦးနှင့် ခင်အေး တို့နှစ်ဦးအား နောင်ချိုရဲစခန်း မယ(ပ) ၆/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...