ဧဒင်အချစ်ပုံပြင်: တရုတ်နိုင်ငံတွင် ကြေးညိုရောင် ရှေးဟောင်း ပစ္စည်းများ တူးဖော်ရရှိ

Wednesday 13 March 2013

တရုတ်နိုင်ငံတွင် ကြေးညိုရောင် ရှေးဟောင်း ပစ္စည်းများ တူးဖော်ရရှိ

ပေကျင်း မတ် ၁၂
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ် ပေါင်းကျီမြို့ရှိ ရှီဂူရှန် တောင်မှ တူးဖော်ရရှိသည့်  ကြေးညိုရောင် ရှေးဟောင်း ပစ္စည်းများသည် ရှေးခေတ် စစ်သည်များ ဝတ်ဆင်သော သံချပ်ကာ အင်္ကျီများ ဖြစ်ကြောင်း တရုတ် ရှေးဟောင်း သုတေသန ပညာရှင် များက ပြောကြားခဲ့သည်။
ယင်း တူးဖော် ရရှိခဲ့သော အနုပညာ ပစ္စည်းများတွင် နှစ်ပေါင်း ၃ဝဝဝ သက်တမ်း ရှိသည်ဟု ယူဆရသော ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ဝတ်ဆင်သည့် ကြေး ညိုရောင် ချပ်ဝတ်တန်ဆာ နှစ်ခုနှင့် ပေါင်တွင် ဝတ်ဆင်သည့်  ချပ်ဝတ် တန်ဆာ တစ်ခုတို့ ပါဝင်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင် များက မတ် ၁၁ ရက်တွင် ပြောကြား ခဲ့သည်။

၎င်း ရှေးဟောင်း ပစ္စည်းများအား ဘာအိုဂျီမြို့ ရှီဂူရှန် တောင်ပေါ်ရှိ အုတ်ဂူ တစ်ခုမှ တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း ပစ္စည်းများသည် (ဘီစီ ၁ဝ၄၆ မှ ဘီစီ ၇၇၁) အတွင်း စိုးစံခဲ့သည့် အနောက်ဘက် ကျူမင်းဆက်မှ ဖြစ်နိုင်ဖွယ် ရှိသည်ဟု ယူဆရကြောင်း ကျွမ်းကျင်သူများ ပြောကြားထားသည်။
ယင်းကဲ့သို့ ရှေးဟောင်း အနုပညာ ပစ္စည်းများ ရှာဖွေ တွေ့ရှိခြင်းသည် တရုတ်နိုင်ငံ၏ အစောပိုင်း စစ်သမိုင်းတွင် လိုအပ်နေသော ကွက်လပ်ကို ဖြည့် တင်းပေးရာ ရောက်ကြောင်းနှင့် ချင်မင်းဆက် အုပ်စိုးမှု မတိုင်မီက မင်းဆက်များ၏ ပစ္စည်းများကို ရှာဖွေ တွေ့ရှိခြင်းသည် ရှားပါးကြောင်း တူးဖော်ရေး အဖွဲ့မှ ခေါင်းဆောင် လျိုကျွမ်ရှေက ပြောကြားခဲ့သည်။  
by- .myawady.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...