
ဖြစ်စဉ်မှာ ပိုက်ဆံအိတ် ပိုင်ရှင် ဖြစ်သူ ဒေါပုံမြို့နယ် ၊ ယမုံနာ ၂ ရပ်ကွက် ၊ ၃ လမ်း ၊ အမှတ် က-၁၁၄ နေ ဦးကျင်လှိုင် (၁၂/ဒပန(နိုင်) ၀၈ ၁၁၃၇) သည် မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် တက္ကစီ ငှားစီးလာစဉ် ယာဉ်ပေါ်မှ အဆင်းတွင် ပိုင်ဆံအိတ် အနက်ရောင် တစ်လုံး မေ့ကျန်ခဲ့ရာ အဆိုပါ အိတ်အတွင်းရှိ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၀၀ တန် ၃၅ ရွက် နှင့် တစ်ဒေါ်လာ ၊ ငါးဒေါ်လာ ၊ တစ်ဆယ်ဒေါ်လာ တန်ရောရာ ၁၅ ရွက် ၊ မြန်မာ ကျပ်ငွေ ရောရာ ကျပ် ၄ သိန်း ၊ ရွှေဆွဲကြီး တစ်ကျပ်သား တစ်ကုံး ၊ နိုင်ငံသား စိစစ်ရေး ကတ် ၂ ခုနှင့် ငါးစောင်တွဲ ထီလက်မှတ် ၁ အုပ် တို့ ယာဉ်ပေါ်၌ မေ့ကျန် ပါရှိသွားခဲ့ရာ ၃က/ ၃၅၅၄ အဖြူရောင် ဆလွန်း တက္ကစီ အငှားယာဉ် ပိုင်ရှင် တပ်မတော် အရာရှိ အငြိမ်းစား ဦးသိန်းထွန်း မှ အဆိုပါ ပစ္စည်း များအား ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ (အဆောက်အအုံ) သို့ အပ်နှံ၍ ပိုက်ဆံအိတ် ပိုင်ရှင်အား တာဝန်ရှိ သူများဖြင့် ပူးပေါင်း ရှာဖွေ စုံစမ်း ခဲ့ကြသည်။
ထိုသို့ ဆက်သွယ် စုံစမ်းမှု အရ ပိုင်ရှင်ဖြစ်သူအား တောင်ပိုင်း ခရိုင် စည်ပင် သာယာ အုပ်ချုပ်ရေးမှူး ခရိုင်အရာ ဦးတင့်လွင် ၊ မြို့နယ် စည်ပင် သာယာ ၀န်ထမ်းများ နှင့် အသိသက်သေများ ရှေ့တွင် ပိုက်ဆံအိတ် ပိုင်ရှင် ဖြစ်သူ ဦးကျင်လှိုင် အား ပြန်လည် ပေးအပ် ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တာဝန်သိ ပြည်သူ တစ်ဦးမှ ရိုးသားစွာဖြင့် ပြန်လည် ပေးအပ်မှုကို အများပြည်သူ များအနေဖြင့် ဂုဏ်ယူစရာ ၊ အတုယူစရာ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment