ဧဒင်အချစ်ပုံပြင်: လူငယ်တစ်ဦးကို မိမိကိုယ်မိမိသေကြောင်းကြံစည်မှုဖြင့် သက်ဆိုင်ရာကအရေးယူလိုက်ရမှု တောင်တွင်းကြီးမြို့၌ဖြစ်ပွား

Sunday 24 March 2013

လူငယ်တစ်ဦးကို မိမိကိုယ်မိမိသေကြောင်းကြံစည်မှုဖြင့် သက်ဆိုင်ရာကအရေးယူလိုက်ရမှု တောင်တွင်းကြီးမြို့၌ဖြစ်ပွား

 
မကွေးတိုင်းဒေသကြီး၊တောင်  တွင်းကြီးမြို့နယ်၊တောင်ပြင်(၂)   ရပ်ကွက်တွင် လူငယ်အမျိုးသား တစ်ဦး မိမိကိုယ်မိမိ အဆိပ်သောက်    သေကြောင်းကြံစည်မှုဖြစ်ပွား ကြောင်း သတင်းရရှိသည်။ဖြစ်စဉ် မှာ (၁၉.၃.၂၀၁၃)ရက်နံနက် (၄)နာရီအချိန်က တောင်ပြင်(၂)   ရပ်ကွက်နေ ကိုဖိုးကစ်(ခ)ရဲထွန်းနီ  (၂၅)နှစ် (ဘ)ဦးခင်မောင်ထွေး သည် အဆိပ်သောက်ပြီး ဆေးရုံ သို့ ရောက်ရှိနေကြောင်း တာဝန် ကျ ဆေးရုံဝန်ထမ်းက ရဲစခန်းသို့  အကြောင်းကြားသည်ဆို၏။တောင်  တွင်းကြီး ပြည်သူ့ဆေးရုံသို့တောင်   တွင်းကြီးမြို့မရဲစခန်းတာဝန်မှူး   ဒုရဲအုပ်ကျော်ကျော်လှိုင်၊ဒုရဲအုပ်   မျိုးမင်းသိမ်းတို့သွားရောက်စစ်ဆေးရာ
ကိုဖိုးကစ်(ခ)ရဲထွန်းနီဆိုသူမှာ ကျန်းမာရေးအခြေ        မစိုးရိမ်ရသဖြင့် တာဝန်မှူး ဒုရဲ အုပ်ကျော်ကျော်လှိုင်က မိမိကိုယ် မိမိ သေကြောင်းကြံစည်သူ ဖိုးကစ် (ခ) ရဲထွန်းနီကို ဥပဒေအရအရေး  ယူပေးပါရန်တရားလိုပြုလုပ်တိုင် တန်းခဲ့ရာ မြို့မရဲစခန်းမှ (ပ) ၅၇/၂၀၁၃ပြစ်မှုပုဒ်မ ၃၀၉အရ အမှုဖွင့်အရေးယူထားပြီး  ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သတင်းရရှိ သည်။

ဟင်္သာ(တောင်တွင်းကြီး(hotnewsweekly)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...