ဧဒင်အချစ်ပုံပြင်: မူဆယ် - နမ့်ခမ်း လမ်းပေါ်မှ ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

Tuesday 19 March 2013

မူဆယ် - နမ့်ခမ်း လမ်းပေါ်မှ ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ


Photo: မူဆယ် - နမ့်ခမ်း လမ်းပေါ်မှ ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ
Tuesday, March 19, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် မူဆယ် မူးယစ်အဖွဲ့များမှ ကိုယ်ခန္ဓာတွင် ကပ်လျက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် 
ဘိန်းဖြူ ဆပ်ပြာခွက်များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် မူဆယ်မူးယစ်အဖွဲ့မှ သက်သေများနှင့်အတူ မူဆယ် - နမ့်ခမ်း ကားလမ်းပေါ်ရှိ လွယ်ဆုတောင်းစေတီအနီးတွင် ရှာဖွေစစ်ဆေးရာမှ နမ့်စန်ဂိုဒေါင်
ကျေးရွာဘက်မှ မူဆယ်ဘက် သို့ မောင်ဆမ် မောင်းနှင်ပြီး အိုက်မြင့် စီးနင်းလာသည့် ဇောင်ချန်း -၁၅၀ ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာမှ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 မောင်ဆမ်၏ ရင်ဘက်တွင် ကြိုးနှင့် ချီထားသည့် အနက်ရောင် ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ထားသော ဘိန်းဖြူဆပ်ပြာခွက် (၁၁) ခွက် အလေးချိန် (၁၄၀) ဂရမ်ခန့်နှင့် အိုက်မြင့်၏ ရင်ဘက်အတွင်း သယ်ဆောင်လာ သော အပြာရောင် ပလက်စတစ်အိတ်ငယ်ဖြင့် ထုတ်ထားသည့် ပန်းရောင် စိတ်ကြွဆေးပြား (၁၅၀၀) ခန့် ဘိန်းဖြူဆပ်ပြာခွက် (၁၁) ခွက် စုစုပေါင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုးမှာ ဆေးပြားတန်ဖိုး (၃၁) သိန်းနှင့် ဘိန်းဖြူ 
ဆပ်ပြာခွက် (၂၂) ခွက် တန်ဖိုး (၅၁) သိန်းဖိုးသိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ မောင်ဆမ်နှင့် အိုက်မြင့်တို့နှစ်ဦးအား မူဆယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Shan Newsရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် မူဆယ် မူးယစ်အဖွဲ့များမှ ကိုယ်ခန္ဓာတွင် ကပ်လျက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့်
ဘိန်းဖြူ ဆပ်ပြာခွက်များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် မူဆယ်မူးယစ်အဖွဲ့မှ သက်သေများနှင့်အတူ မူဆယ် - နမ့်ခမ်း ကားလမ်းပေါ်ရှိ လွယ်ဆုတောင်းစေတီအနီးတွင် ရှာဖွေစစ်ဆေးရာမှ နမ့်စန်ဂိုဒေါင်
ကျေးရွာဘက်မှ မူဆယ်ဘက် သို့ မောင်ဆမ် မောင်းနှင်ပြီး အိုက်မြင့် စီးနင်းလာသည့် ဇောင်ချန်း -၁၅၀ ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာမှ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မောင်ဆမ်၏ ရင်ဘက်တွင် ကြိုးနှင့် ချီထားသည့် အနက်ရောင် ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ထားသော ဘိန်းဖြူဆပ်ပြာခွက် (၁၁) ခွက် အလေးချိန် (၁၄၀) ဂရမ်ခန့်နှင့် အိုက်မြင့်၏ ရင်ဘက်အတွင်း သယ်ဆောင်လာ သော အပြာရောင် ပလက်စတစ်အိတ်ငယ်ဖြင့် ထုတ်ထားသည့် ပန်းရောင် စိတ်ကြွဆေးပြား (၁၅၀၀) ခန့် ဘိန်းဖြူဆပ်ပြာခွက် (၁၁) ခွက် စုစုပေါင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုးမှာ ဆေးပြားတန်ဖိုး (၃၁) သိန်းနှင့် ဘိန်းဖြူ
ဆပ်ပြာခွက် (၂၂) ခွက် တန်ဖိုး (၅၁) သိန်းဖိုးသိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ မောင်ဆမ်နှင့် အိုက်မြင့်တို့နှစ်ဦးအား မူဆယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Shan News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...