ဧဒင်အချစ်ပုံပြင်: အိန္ဒိယတွင် မြန်မာဘက်မှ တင်သွင်းသော အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ၃၃ လက် သိမ်းဆည်းရမိ

Wednesday 13 March 2013

အိန္ဒိယတွင် မြန်မာဘက်မှ တင်သွင်းသော အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ၃၃ လက် သိမ်းဆည်းရမိ

Photo: အိန္ဒိယတွင် မြန်မာဘက်မှ တင်သွင်းသော အေကေ ၄၇
မောင်းပြန်ရိုင်ဖယ် ၃၃ လက် သိမ်းဆည်းရမိ
Wednesday, March 13, 2013

အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်တွင် မြန်မာဘက်မှ တင်သွင်း
လာသော အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ၃၃ လက်ကို
ကျည်ကပ်များ၊ ကျည်ဆံ အမြောက်အများနှင့် ဖမ်းဆီးရမိခဲ့ပြီး
ပြည်နယ်အတွင်း စံချိန်တင်လက်နက် အများဆုံး ဖမ်းဆီးရမှု
ဖြစ်ခဲ့ကြောင်း Newstrackindia သတင်းက ဖေါ်ပြလိုက်သည်။

ရဲနှင့်ထောက်လှမ်းရေး တာဝန်ရှိသူများ၏ အဆိုအရ ယင်း လက်နက်များမှာ မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ခိုးထုတ်ခြင်း
ဖြစ်ကြောင်း၊ အမှုနှင့် ဆက်စပ်၍ မီဇိုးရမ်းပြည်နယ်သားနှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးထားကြောင်း
သိရသည်။

သတင်းရင်းမြစ်တစ်ဦးကလည်း လက်နက်များမှာ ဘင်္ဂလားမှ
ရှန်တီ ဘာဟီနီပျောက်ကြားတပ်ဖွဲ့ ဝင်များအတွက် မှောင်ခို တင်သွင်းခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ ပျောက်ကြားသူပုန်အဖွဲ့ မှာ ၎င်းတို့လူမျိုးစု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေးအတွက် ၁၉၇၂ တွင် တည်ထောင်ကာ
ဘင်္ဂလားအစိုးရနှင့် တိုက်ခဲ့သောအဖွဲ့ ဖြစ်ကာ ၁၉၉၇ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။

အိန္ဒိယ၏ ထရိပူရ ၊မီဂါလာယာ ၊မီဇိုးရမ်းနှင့် အာသံပြည်နယ်
များသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ဆက်စပ်နေသော
ပြည်နယ်များဖြစ်ပြီး မီဇိုးရမ်း၊ မဏိပူရ၊ နာဂလန်းနှင့် အရွန်
နာချယ်ပရာ ဒတ်ရှ်ပြည်နယ်များမှာမူ မြန်မာနှင့် နယ်စပ်
အရှည် ၁,၆၄၀ ကီလိုမီတာ ထိစပ်နေသော ပြည်နယ်များ
ဖြစ်ကြသည်။

Ref: Newstrackindia
The Myanma Ageအိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်တွင် မြန်မာဘက်မှ တင်သွင်း

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...