ရန်ကုန်မှ
မန္တလေးသို့ တစ်လီတာ အင်ဂျင်ဝိုင်ဘူး ၂၄ ဘူးပါ စက္ကူဖာ ၁၇ဝဝ တင်ဆောင် လာသော
ထွေလာ ကုန်တင်ယာဉ် တစ်စီးသည် လမ်းအကွေ့တွင် တံတားနှင့် တိုက်မိ၍ မတ် ၂၅ ရက်
မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်က ရေတာရှည် မြို့နယ် မြို့လှမြို့ တောင်ဘက်
ရန်ကုန်- မန္တလေး ပြည်ထောင်စု ကားလမ်း မိုင်တိုင် အမှတ် (၂ဝ၈/၆) တွင်
တိမ်းမှောက် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ကျော်လင်း ၂၃ နှစ် (ဘ) ဦးလှဝင်း၊
လှိုင်သာယာ (၁၆) ရပ်ကွက်၊ ရန်ကုန်မြို့ နေသူ မောင်းနှင် လာသော
၇ဃ/------နောက်တွဲ အမှတ်၊ နတ/ ၃၈၆၄ (၂၂) ဘီး ထွေလာ ကုန်တင်ယာဉ်သည်
ရန်ကုန်မြို့မှ မန္တလေးမြို့သို့ အယ်လ်ဖာ အမျိုးအစား အင်ဂျင်ဝိုင် ဘူးများ
အပြည့် တင်ဆောင်၍ မောင်းနှင် လာစဉ် ကားလမ်း အကွေ့တွင် ကုန်
အလေးချိန်ကြောင့် ကားလမ်း တံတားအမှတ် (၂ဝ၉/၂) ၏ ဝဲဘက်ခြမ်း နှင့် တိုက်မိ
တိမ်းမှောက် သွားခဲ့ပြီး ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများမှာ တံတားအောက် ချောက်ထဲ
ကို ကျသွား ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့လှ ရဲစခန်းမှ ယာဉ်
(ပ) ၂/၂ဝ၁၃၊ ပြစ်မှု ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း
သတင်း ရရှိသည်။
No comments:
Post a Comment