ဧဒင်အချစ်ပုံပြင်: ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်

Monday 25 March 2013

ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်


အသက်(၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမိုသိရှိလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Posted on Mar 25 13 - 02:23 PM | Hits : 13
ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်

ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ် တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမိုသိရှိလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း

သတင်းများက ဖော်ပြခဲ့သည်။ အမည်ဖော်မပြသော အဆိုပါ လူငယ်သည် မိခင်ရင်းကို သတ်ဖြတ်ကာ ရေချိုးခန်းထဲတွင် အနည်းဆုံး (၁၅)ပိုင်းမျှ ပိုင်းဖြတ်ခဲ့သည်။ အလောင်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းရာတွင် မီးဖိုချောင်သုံး ဓားများကို အသုံးပြုခဲ့ကြောင်း အမည်ပြောကြားရန် ငြင်းဆိုခဲ့သည့် ရဲအရာရှိ တစ်ဦးက AFPသို့ ထုတ်ဖော် ပြောဆိုသွားသည်။

စနေနေ့က ယင်းသတင်းကို ဆန်ကီဒေးလီး သတင်းစာက စတင် ဖော်ပြခဲ့သည်။ ယင်းလူငယ်သည် တိုကျိုမြို့ အနီးရှိ တိုက်ခန်းငယ် တစ်ခုတွင် မိခင်နှင့်အတူ နေထိုင်သည်။ ၎င်းသည် မိခင်ကို သတ်ဖြတ်ပြီးနောက် အလောင်းကို ရေချိုးခန်းထဲ ဆွဲယူလာကာ ရေချိုးကန်ထဲတွင် အပိုင်းပိုင်း ဖြတ်ခဲ့သည်။ ထို့နောက်တွင်မူ အဆိုပါ လူ့ခန္ဓာကိုယ် အပိုင်းအစများ ပြည့်နေသည့် ရေချိုးကန်ကို ရေအပြည့် ဖြည့်ခဲ့ပြီးမှ အပိုင်းအစများကို ပလတ်စတစ် အိတ်များထဲတွင် ထည့်ကာ တစ်ထုပ်ချင်းစီ စွန့်ပစ်ခဲ့ကြောင်း ရဲများက ပြောဆိုသွားသည်။

၎င်းက "ကျွန်တော် သူ့ကို မကြိုက်ဘူး"၊ "သူက ရိုးရိုးသာမန် လူတစ်ယောက်ပါပဲ"စသည့် မှတ်ချက်များသာ မိခင်နှင့် ပတ်သက်၍ ရဲများထံ ပြောကြားခဲ့သည်။ ၎င်းက မိမိသည် လူ့ခန္ဓာကိုယ်အား ခွဲစိတ်ဖြတ်တောက်ရသည်ကို စိတ်ဝင်စားမိကြောင်းလည်း ရဲများထံ ထွက်ဆိုခဲ့ကြောင်း ယူမီရီနှင့် မိန်နီချီ သတင်းစာများက ဖော်ပြခဲ့သည်။ ဂျပန်ဥပဒေအရ ယခုအသက်အရွယ်သည် အသက်မပြည့်သေးဟု သတ်မှတ်ခြင်းကြောင့် ၎င်း၏ အမည်ကို သတင်းမီဒီယာများက ဖော်ပြခွင့် မရှိချေ။

၎င်းကို မတ်လ (၁၄)ရက်နေ့တွင် ရဲများက ဖမ်းဆီးခဲ့သည်။ အမျိုးတစ်ဦးက နေအိမ်သို့ လာရောက် လည်ပတ်စဉ် ခန္ဓာကိုယ် ကြွင်းကျန် အစိတ်အပိုင်း အချို့ကို တွေ့ရှိခဲ့၍ ရဲအား တိုင်ကြားခဲ့ရာမှ ယခုလို အဖမ်းခံရခြင်း ဖြစ်သည်။ ရဲများက ယင်းအချိန်တွင် လူသတ်မှု ကျူးလွန်ပြီးသည်မှာ (၂)ပတ်မျှ ရှိပြီဟု ယူဆထားသည်။

ှSource: Yahoo

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...