ဧဒင်အချစ်ပုံပြင်: မြစ်အတွင်း မျောနေသည့် ဝက်အသေကောင် ၉ဝဝ ကျော်အား ရှန်ဟိုင်း အာဏာပိုင်များ ဆယ်ယူ

Monday 11 March 2013

မြစ်အတွင်း မျောနေသည့် ဝက်အသေကောင် ၉ဝဝ ကျော်အား ရှန်ဟိုင်း အာဏာပိုင်များ ဆယ်ယူ


Photo: မြစ်အတွင်း မျောနေသည့် ဝက်အသေကောင် ၉ဝဝ ကျော်အား ရှန်ဟိုင်း အာဏာပိုင်များ ဆယ်ယူ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ဟွမ်ပူမြစ် အတွင်း ပေါလော မျောပါနေသည့် ဝက်အသေကောင် ၉ဝဝ ကျော်ကို မတ် ၉ ရက် မွန်းလွဲပိုင်းက ဆယ်ယူ နိုင်ခဲ့ကြောင်း မြို့အာဏာပိုင် များက ပြောကြားခဲ့သည်။

အဆိုပါ ဝက်အသေကောင် များကို ဟွမ်ပူမြစ်၏ မြစ်ညာဘက်ရှိ မြို့ခံများ အတွက် သောက်သုံးရေ အဖြစ် ရယူသည့် ဆုန်ကျန်းအရပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း သောက်သုံးရေ၏ အရည် အသွေးကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း မြို့တော် ရေပေးဝေရေး ဗျူရို အဖွဲ့က ပြောကြားထားသည်။

သို့ရာတွင် မြို့ခံ ပြည်သူများ အတွက် ပေးဝေသည့် ရေကို ဘေးအန္တရာယ် ကင်းရှင်းစေရန် သက်ဆိုင်ရာက လုပ်ဆောင်လျက် ရှိပြီး အဆိုပါ ဝက် အသေကောင်များ မည်သည့် အရပ်မှ ရောက်ရှိ လာခဲ့သည်ကို အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိသည်။

မြို့ အာဏာပိုင် အဖွဲ့သည် မြစ်ရေ ညစ်ညမ်းမှု မရှိစေရန် ဝက်အသေကောင် များကို ယင်းမြစ် အတွင်းမှ ဆက်လက် ဆယ်ယူလျက် ရှိကြောင်း သိရသည်။တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ဟွမ်ပူမြစ် အတွင်း ပေါလော မျောပါနေသည့် ဝက်အသေကောင် ၉ဝဝ ကျော်ကို မတ် ၉ ရက် မွန်းလွဲပိုင်းက ဆယ်ယူ နိုင်ခဲ့ကြောင်း မြို့အာဏာပိုင် များက ပြောကြားခဲ့သည်။

အဆိုပါ ဝက်အသေကောင် များကို ဟွမ်ပူမြစ်၏ မြစ်ညာဘက်ရှိ မြို့ခံများ အတွက် သောက်သုံးရေ အဖြစ် ရယူသည့် ဆုန်ကျန်းအရပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း သောက်သုံးရေ၏ အရည် အသွေးကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း မြို့တော် ရေပေးဝေရေး ဗျူရို အဖွဲ့က ပြောကြားထားသည်။

သို့ရာတွင် မြို့ခံ ပြည်သူများ အတွက် ပေးဝေသည့် ရေကို ဘေးအန္တရာယ် ကင်းရှင်းစေရန် သက်ဆိုင်ရာက လုပ်ဆောင်လျက် ရှိပြီး အဆိုပါ ဝက် အသေကောင်များ မည်သည့် အရပ်မှ ရောက်ရှိ လာခဲ့သည်ကို အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိသည်။

မြို့ အာဏာပိုင် အဖွဲ့သည် မြစ်ရေ ညစ်ညမ်းမှု မရှိစေရန် ဝက်အသေကောင် များကို ယင်းမြစ် အတွင်းမှ ဆက်လက် ဆယ်ယူလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...